(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၇ရက်)
တံတားလေးနဲ့ သွားရသလို တံတားဘေးမှာ အငွေ့တွေ တထောင်းထောင်း ထနေလောက်အောင်ကို တောင်က အသက်ဝင်နေတုန်းပါပဲ။ ဘေးကို မဆင်းရ အန္တရယ်ဆိုတဲ့စာသားတွေလည်း ကပ်ထားတာ နေရာအနှံ့ :O
ကိုယ်ကပင်ပန်းလို့ နေမကောင်းဖြစ်ချင်နေလို့ မမက ပြန်ပြုစုရတယ် :D
မီးငယ်တို့များအဲ့ဒီလို :( တနေကုန်ပင်ပန်းတာ တကြောင်း အဲ့ဒီနေရာမှာ ပူတာရော ရောပြီး မျက်လုံးတွေ ပြာလာတာနဲ့ ကားရပ်ပြီး အချိုရည် သွားဝယ်ပေးရှာတယ် ။ ချစ်တဲ့မမရေ။ ကျေးဇူး :)
လူဆိုတာကလည်း မလုပ်နဲ့လို့ တင်ထားရင် ပိုလုပ်ချင်ကြသလား မသိ :O
အဲ့ဒီက ဒေသခံကတော့ ပြောရှာပါတယ်။ နိုင်ငံခြားသားတွေက စည်းကမ်းမှမရှိတာတဲ့ :O ရှက်စရာ
မြေသားတွေက ဖွေးဖွေးဖြူနေသလို အောက်ကကျောက်တုံးကြီးတွေက မဲနေပြီး အငွေ့တွေကလည်း တထောင်းထောင်း၊ ပြုတ်ကျသေတဲ့လူတွေလည်း မနည်းမနောလို့ ပြောကြပါတယ် :(
မီးကင်သလို ဖြစ်သွားတာလားလို့တောင် ထင်မိသေးပါရဲ့ :P
သီးသန့် ကေဘယ်လ်ကားနဲ့ သွားရမှာမို့ မသွားနိုင်တော့လို့ ၀မ်းနည်းနေတုန်း အခန့်သင့်ပဲ သေသွားတဲ့ ၀က်ဝံတကောင်ကို ရုပ်လုံးသွင်းပြီး သယ်လာတဲ့ကားနဲ့တွေ့လို့ အမှတ်တရ ရိုက်ယူခဲ့တယ် :D
ကိုင်ကြည့်သေးတယ် အသဲယားလိုက်တာ :D
မီးတောင်က အပြန်လမ်းမှာ မီးငယ်တို့ ဘယ်လောက်ထိ ဆော့ခဲ့တယ်ဆိုတာ နောက်ပို့စ်မှ ဖတ်တော့နော် :D
0 comments:
Post a Comment