(၂၀၀၉ခုနှစ် အောက်တိုဘာ ၁၇ရက် )
ချစ်တဲ့မမနေထိုင်တဲ့အိမ်ကို နေ့လည်၁၂ခွဲလောက်ရောက်ပြီးနေ့လည်စာစားသောက်ပြီးတဲ့အချိန်မှာတော့ အိမ်နားမှာရှိတဲ့ Marine Park ကို မမနဲ့တူတူလာခဲ့ပါတယ်။ အိမ်နားဆိုပေမယ့် ကားနဲ့ ၁၀မိနစ်လောက်တော့ မောင်းရတဲ့ခရီးပါပဲ။ နယ်မြို့လေးမို့ အရမ်းကို အေးချမ်းပြီး ဖော်ရွေမှုတွေ အပြည့်နဲ့ပါပဲ။ ၀င်ကြေးကတယောက်ကို ယန်း၂၅၀၀ စီပေးရပေမယ့် မမက နယ်ခံမို့ တ၀က်ကြေးနဲ့ဝင်လို့ရပါတယ်။ လမ်းတလျှောက်လုံး ခရီးစရိတ် မကုန်တဲ့အပြင် ဘယ်လိုမှ တယောက်ထဲ မသွားနိုင်တဲ့ မသွားတတ်တဲ့ နေရာမို့ သွားတဲ့နေရာတိုင်းရဲ့ ကုန်ကျစရိတ်တော့ ကိုယ်ပဲ ထုတ်ပေးလိုက်ပါတယ်။ အားနာတယ်လေ။ မမကတော့ ငြင်းပါတယ် ဒါပေမယ့် သူနဲ့ကိုယ်က အမြဲ ဒီလိုပဲနေလာကြတော့ ခင်ရတဲ့ သက်တမ်းသိပ်မကြာသေးခင်အတွင်းမှာ ညီအမအရင်း တွေလိုဖြစ်သွားကြတယ်။ ဖော်ရွေမှု၊ မိသားစု စိတ်ဓာတ် အရမ်းနွေးထွေးကြတော့ တကယ်ကို ပျော်ခဲ့တာ။
ဘယ်လိုမှကို ဂျက်ကတ်မ၀တ်နိုင်ဘူး သူများတွေတော့ ဂျက်ကတ်လေးတွေ ကိုယ်စီနဲ့ပါ။ :D
မမက လာခဲ့ ဆိုပြီး ခပ်ကဲကဲ ( ကိုယ့်အကြောင်းသိလို့နေမယ် ဟိ ) ရိုက်ပေးတော့ ပုံတွေမှ အများကြီးရယ်။
ကိုယ်က အဆောက်အဦးထဲ ၀င်တော့မယ်လို့ပဲ မှတ်တာကိုး :P
ရဲတိုက်ကြီး ရှိသေးတာနဲ့ မ၀င်ခင် ပန်းလှည်းလေးနဲ့ ရိုက်လိုက်တယ်။ လှလိုလှငြား :D ဘာနဲ့တူနေတယ်တော့မသိ :D
လှတယ်နော်။ ငါးပဲ မြင်ရတော့ စိတ်ချမ်းသာသွားပြီ :D
ပြတိုက်ထဲမှာလည်း မှောင်နေတာမို့ ဖုန်းနဲ့ ပဲရိုက်ရတဲ့ပုံထွက် မလှတာနဲ့ စိတ်တောင်ညစ်ပါရဲ့ :(
ဒါပေမယ့် ပြတိုက်အတွင်းက ငါးအားလုံးကို တခုစီ သေချာမှတ်တမ်းတင်လာတာမို့ သီးသန့်ပို့စ်တခုနဲ့ တင်တော့မယ်လို့ စဉ်းစားလိုက်ပါတယ်။
လမ်းလျှောက်ရင်းနဲ့ အော်နေလိုက်ကြတာ ကလေးလေးတွေ ငိုနေတဲ့ အသံနဲ့တူလို့ သူတို့လေးတွေ ပင်ပန်းလို့များ ငိုနေသလားလို့ တွေးရင်းနဲ့ မျက်ရည်ဝဲခဲ့ရပါတယ်။ စိတ်ထဲလည်း ဘယ်လိုမှ မကောင်းပါဘူး :(
ဘာလဲတော့သိဘူး :D
မမကလည်း ကိုယ့်ကို ခပ်သည်းသည်း၊ ကိုယ်ကလည်း ခပ်ကဲကဲနဲ့ :P
အရမ်းကို ပျော်ခဲ့ပါတယ်။
Marine Park က ထွက်ပြီးတဲ့နောက်မှာတော့ အခုထိမသေသေးတဲ့ လှုပ်ရှားနေသေးတဲ့ မီးတောင်တခုဆီကို လိုက်ပို့ပေးပါတယ်။ နောက်ပို့စ်မှပဲ ဖတ်တော့နော် :D
0 comments:
Post a Comment