(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၈ရက် )
အိမ်ကလေးက အရမ်းချစ်ဖို့ကောင်းသလို အရမ်းလည်းအေးချမ်းပါတယ်။ တိုကျိုမှာတော့ ဘယ်နေရာမှာမှ မရှိတဲ့ အိမ်ပုံစံလေးဖြစ်သလို နွေးထွေးမှုကလည်း အရမ်းကို ပျော်ရွှင်ခဲ့ရပြီး မမေ့နိုင်လောက်အောင်ပါပဲ။
ချစ်တဲ့အိုကားစံ ( မီးငယ် အိမ်က ဖွားဖွားနဲ့မှ ရွယ်တူပါ။ ) ဟော့ကိုင်းဒိုးမှာနေတာပေမယ့် အအေးသိပ်ကြောက်သလို လေးငါးထပ်ဝတ်ပြီးမှ ဟိတာ ထပ်ဖွင့်ပြီးနေတတ်တဲ့ အိုကားစံပါ။ မီးငယ်က အကျီင်္လက်တိုနဲ့ ချည်း တောက်လျှောက်နေလာခဲ့တာမို့ ပွစိပွစိနဲ့ ဆူလို့မပြီးနိုင်တော့ပါဘူး :P ချစ်တဲ့အိုကားစံ ကျန်းမာပျော်ရွှင်ပါစေ။ ပျော်ခဲ့ပါတယ် အိုကားစံရေ. အခွင့်ရှိရင် ထပ်လာခဲ့ပါဦးမယ်။ ဂျပန်ရောက်ထဲက အပျော်ရွှင်ရဆုံး နေရာကို ပြပါဆိုရင် ဟော့ကိုင်းဒိုး ဆပ်ပိုရို ဖြစ်သလို အချစ်ရဆုံးထဲမှာလည်း နိုဘိုးရိဘဲ့စွတ်က အိုကားစံတယောက် အပါအ၀င်ပါပဲ။
1 comments:
မန့်လို့ ရပြီလားလာကြည့်ပါတယ် စားစရာတွေသွားရည်ယိုသွားပါကြောင်း...
Post a Comment