(၂၀၀၉ခုနှစ် ဧပြီလ ၄ ရက်နေ့ )
ဂျပန်နိုင်ငံမှာ ချယ်ရီတွေပွင့်တာနဲ့ ပန်းကြည့်ပွဲတော် ( ဟနမိ ) ဆိုပြီး ပြုလုပ်လေ့ရှိပါတယ်။ မိသားစုတွေ နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေစုပြီးတော့ ပဲဖြစ်ဖြစ် အုပ်စုလိုက်သွားလေ့ရှိပါတယ်။ မြန်မာမှာ ပျော်ပွဲစားထွက်ကြသလိုပဲ အဖွဲ့လိုက်တွေ ဟင်းတွေ ထမင်းတွေပဲဖြစ်ဖြစ် မုန့်တွေပဲဖြစ်ဖြစ် အစားအသောက်တွေ ယူပြီးသွားကြပါတယ်။ တနေကုန် ပျော်ပွဲစားကြတာပေါ့နော်။ ဒီနှစ်တော့ မီးငယ်လည်း ရုံးကသူငယ်ချင်းတရုတ်မ လေးရယ်၊ အတူတူနေတဲ့ အမရယ် ၃ ယောက်သား ပန်းကြည့်ထွက်လာကြပါတယ်။ ကိုယ်တိုင်ချက်ထားတဲ့ ဟင်းလေးတွေ သယ်လာလို့ပေါ့ :D
ကြာဇံကြော်၊ အမဲသားကြော်၊ ငါးခြောက်ကြော်၊ ကြက်သားလုံးကြော်၊
ကြက်သားသုပ်၊ အချဉ်၊ ၀က်နားရွက်သုပ် :D သောက်စရာကတော့ အချိုရည်ဘူး
ရှင်းဂျုခုမှာ ရှိတဲ့ ပန်းခြံမို့ အဲ့ဒီထဲမှာရှိတဲ့ ပန်းလေးတွေပဲရိုက်ယူလာခဲ့ပါတယ်။
ဘယ်အချိန်ပဲကြည့်ကြည့်ဂျစ်ကန်ကန်မှုန်ကုပ်ကုပ်ရယ် :P
မိသားစုလိုက် သူငယ်ချင်းတွေ အဖွဲ့လိုက် လာကြတဲ့သူတွေလည်း ဒီလိုဒီလို အများသား :O







