( ၂၀၀၉ခုနှစ် စက်တင်ဘာလ ၂၃ရက်နေ့ )
ကာစတန်မာ ကုမ္ပဏီကလူတွေက တော်တော်လေးကို လှိုက်လှိုက်လှဲလှဲနဲ့ နွေးထွေးကြပါတယ်။ ကျွန်မလည်း ရောက်ကာစမို့ အလုပ်တွေရှုပ်နေတာနဲ့ နေ့တိုင်အစည်းအဝေးတွေထိုင်၊ အလုပ်ကိစ္စတွေ ဆွေးနွေးနေတာနဲ့ ဘယ်လိုမှကို ဘယ်ကိုမှ မရောက်နိုင်ခဲ့ပါဘူး။ ဒီနေ့လည်း ဘာအစီအစဉ်မှ မရှိဘဲနဲ့ ရုံးပိတ်ရက်ကြီးကို ရုံးသွားရတာကနေ ကျွန်မနဲ့ တူတူတွဲလုပ်ရတဲ့ ကာစတန်မာဆိုက်က ဂျပန်လူမျိုးနဲ့ စကားပြောရင်းကနေ ရုံးနဲ့ သိပ်မဝေးလှတဲ့ မိုအိဝ ယာမ ( မိုအိဝ တောင် ) ကို အလည်ရောက်ခဲ့ပါတော့တယ်။ ညနေ ၃ နာရီခွဲလောက်မှ အလုပ်တွေလက်စသတ်ပြီးရုံးကထွက်လာတာ ၄နာရီကျော်လောက်မို့ တောင်ကိုရောက်တော့ ညနေစောင်းလေး ဖြစ်နေပါပြီ။ ကင်မရာလည်း မပါလာတာမို့ လက်စွဲတော် ဖုန်းနဲ့ပဲ ရိုက်ခဲ့ရပါတယ်။ ဘယ်လိုမှတော့ ပုံတွေ မလှနိုင်တာအမှန် :P

မိုအိဝ တောင်ခြေ ကေဘယ်လ်ကားမစီးခင် အမှတ်တရ

ဒါကတော့ကေဘယ်လ်ကားစီးနေရင်းနဲ့ မြင်ရတဲ့ မြင်ကွင်းတွေပါ။ ကင်မရာမဟုတ်တော့လည်း မှုန်လို့မှိုင်းလို့ :(



တောင်ပေါ်ရောက်တော့အမှတ်တရရိုက်ခဲ့တဲ့ပုံပါ။ ဂျစ်တီးဂျစ်ကန် ကောင်မလေးကို သားသမီးတယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ ကာစတန်မာ ကုမ္ပဏီက ဂျပန် မိတ်ဆွေပါ။ ကျေးဇူးတင်စွာနဲ့ အမှတ်ရနေမှာပါ။

ကင်မရာမပါသွားတာကိုပဲ နှမြောလို့ မဆုံးပါဘူး။


လွမ်းတယ်ဆပ်ပိုရိုရယ်။ တကယ်ကိုအမှတ်တရ ပျော်စရာတွေ အများကြီး ရခဲ့ပါတယ်။
0 comments:
Post a Comment