javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...
Showing posts with label ဟော့ကိုင်းဒိုးခရီးစဉ်များ. Show all posts
Showing posts with label ဟော့ကိုင်းဒိုးခရီးစဉ်များ. Show all posts

Thursday, February 18, 2010

နစ်ကာဝီစကီစက်ရုံ၊ ပင်လယ်အလှနဲ့ ပျော်ခဲ့သော ခရီး

မီးငယ် သွားရတဲ့ ကာစတန်မာဆိုက်က ၀န်ထမ်းအားလုံးမှာ ထူးခြားချက်တခုရှိပါတယ်။ ကုမ္ပဏီစတည်ထောင် ထဲက နှစ်နှစ်ဆယ်အတွင်း ၀န်ထမ်းခရီးဆိုတာ မရှိခဲ့တာပါပဲ။ ကိုယ့်အချင်းချင်း ညှိပြီး သွားလည်ကြတာမျိုး ရှိပေမယ့် အုပ်စုလိုက်တခါမှ မသွားခဲ့ပါဘူးတဲ့။ မီးငယ် ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သွားချင်လဲလို့ မေးလာတာနဲ့ အားလုံးလိုက်ရင်တော့ ပင်လယ် သွားမယ်ဆိုပြီး ပြောခဲ့တာမို့ ရုံးထဲမှာလည်း စီစဉ်စရာတွေနဲ့ မေးလ်တွေပို့ပြီး ခရီးတခု စီစဉ်ဖြစ်ခဲ့ပါတယ်။ ပင်လယ်သွားမယ်လို့ ပြောခဲ့ပေမယ့် လမ်းတလျှောက်က စိတ်ဝင်စားစရာနေရာတွေကြီး ဖြစ်ခဲ့တာမို့ တကယ်ပင်လယ်လည်း ရောက်ရော အဝေးကပဲ ကြည့်လို့ရတဲ့ နေရာ ဖြစ်ခဲ့တာမို့ ရယ်ရပါသေးတယ်။ ဒါပေမယ့် တကယ့်ကိုပျော်ရွှင်ခဲ့တဲ့ ခရီးတခုပါပဲ။ ကားနှစ်စီးနဲ့ သွားခဲ့ကြတာပါ။ လမ်းတလျှောက်မှာလည်း သီချင်းတွေ အော်ဆိုနေတဲ့ မီးငယ်နဲ့အတူ အားလုံး သီချင်းတွေ လိုက်ဆိုကြတာမို့ အရမ်းကို ပျော်ခဲ့ရပါတယ်။ အမှတ်ရနေပါသေးတယ် ဆပ်ပိုရိုရယ်။

ဒါကတော့ စပျစ်ခြံရှိတဲ့ နေရာက ဆိုင်ပါ။ ခြံထဲကိုတော့ မသွားခဲ့တာမို့ ဆိုင်မှာပဲ ၀ယ်စားကြရင်း ဘာဘီကျူးပါတီ လုပ်ဖြစ်ခဲ့တဲ့နေရာလေးပါ။ နယ်မြို့လေးကဆိုင်တွေပီပီ တိုကျိုက ဆိုင်ပုံစံတွေနဲ့တော့ ကွာတာ အမှန်ပါပဲ။

ဘာဘီကျူးလုပ်တဲ့ မီးဖိုက အလယ်မှာ မီးသွေးတွေနဲ့ ကင်တဲ့ မီးဖိုမို့ ထူးခြားတဲ့ ဒီဇိုင်းပုံစံလေးပါပဲ။
( တိုကျိုမှာတော့ ဂတ်စ်နဲ့ပဲ ကင်တာများပါတယ်။ မီးသွေးဆိုင်ဆိုရင် ဈေးအရမ်းကြီးပါတယ်။ )


ဒါကတော့ နစ်ကာ ၀ီစကီချက်တဲ့ စက်ရုံပါ.။ ၀ီစကီပေါင်းစုံကို ပြထားပေးတဲ့အပြင် ၀ိုင်ပေါင်းစုံ၊ အချိုရည် ပေါင်းစုံလည်း ရနိုင်ပါတယ်။ အချိုရည်ဆိုပေမယ့် အယ်လ်ကိုဟောပါတဲ့ အချိုရည်ပါ။ ဘယ်မှာမှ ၀ယ်လို့မရနိုင်ဘဲ အဲ့ဒီတနေရာထဲ ၀ယ်လို့ရပေမယ့် ဈေးတွေခေါင်ခိုက်နေတာမို့ ၀ယ်မလာဖြစ်ခဲ့ပါဘူး။



ဒါကတော့နစ်ကာဝီစကီစက်ရုံဝင်ပေါက်မှာ ရိုက်ထားတာပါ။ ချစ်သော သူငယ်ချင်းတွေပါပဲ။ အမြဲ သတိရနေမှာပါ။ အရမ်းကိုပျော်ဖို့ကောင်းခဲ့သလို မိသားစုလို နွေးထွေးခဲ့ရတဲ့ နေရာလေးတခုပါ။

စက်ရုံထဲမှာတော့ ခုံတွေ စားပွဲတွေ ပြင်ဆင်ထားပြီးတော့ အနားထိုင်ယူလို့လည်းရပါတယ်။ ထူးခြားချက်ကတော့ နှစ်သက်ရာ ၀ိုင်၊ ၀ီစကီ ၊ အချိုရည် အားလုံး အလကား သောက်ခွင့်ရှိပါတယ် :D
ဒါပေမယ့် အားလုံးက နည်းနည်းလေး မြည်းကြည့်တာတောင် တော်တော်ပြင်းတာမို့ မီးငယ်တော့ သောက်နိုင်ခဲ့ပါဘူး။ ဘားကောင်တာမှာ တင်ထားတဲ့ အထဲက ကြိုက်နှစ်သက်ရာသောက်ခွင့်ရှိသလို ၀ယ်ချင်ရင်လည်း ရောင်းပေးတဲ့နေရာပါ။

မီးငယ်တို့အုပ်စုလည်း ခနတော့ အနားယူဖြစ်ခဲ့ပါသေးတယ်။ အဖွဲ့ထဲက တယောက်ကတော့ တညလုံး မိုးလင်းပေါက်အလုပ်ဆင်းခဲ့ရတဲ့အပြင် နည်းနည်း မြည်းတာ လွန်သွားတာမို့ ပင်လယ်သွားတဲ့လမ်းတလျှောက်မှာတော့ ကားပေါ်မှာ မှောက်နေပါတော့တယ် :P တလမ်းလုံး လမ်းလျှောက်တာ ခြေထောက်ကို အကျဲကြီး လှမ်းပြီး အော်နေတာမို့ ၀ိုင်းရီဖြစ်ခဲ့ကြပါတယ်.။ အမှတ်တရပါပဲ။


ပင်လယ်ကိုသွားမယ်လို့ ခေါင်းစဉ်တပ်ခဲ့ပြီး ရောက်ခဲ့တာက တခြားနေရာတွေ ဖြစ်ခဲ့တဲ့အပြင် တကယ်ရောက်တဲ့ ပင်လယ်က အဝေးကပဲ လှမ်းကြည့်လို့ရတဲ့နေရာပါ။ :D ကိုယ်ပြောခဲ့တာက ရေဆော့ချင်လို့ ပြောခဲ့ပေမယ့် ပင်လယ်သွားကြည့်ရန်လို့ ခေါင်းစဉ်တပ်လိုက်လို့ ထင်ပါရဲ့ တကယ့်ကို ကြည့်လို့ပဲရပါတယ်။ တော်တော်ဝေးဝေးနေရာကပါ။ :P မီးငယ်နဲ့ တွဲရိုက်ထားတာကတော့ ကာစတန်မာရုံးက management အဖွဲ့ကပါ။ သူ့မြေးနဲ့မှ ရွယ်တူဖြစ်တဲ့အပြင် အရမ်းကို ဆော့တဲ့ မီးငယ်ကို ပထမဆုံး လက်မြှောက်သွားတာ အဲ့ဒီခရီးမှာပါပဲ ( ကိုယ်က ရုံးမှာတုန်းက ခပ်တည်တည်ဆိုတော့လေ :D )

အဲ့ဒီအဆောက်အဦးကတော့ ငါးကနေမုန့်တွေလုပ်တဲ့ စက်ရုံပါ။ တခါထဲလုပ် တခါထဲရောင်းနဲ့ တော်တော် စိတ်ဝင်စားဖို့ကောင်းပါတယ်။ အဲ့ဒီစက်ရုံအကြောင်းကိုတော့ သီးသန့်ပို့စ်တင်ပါ့မယ် :)

ပင်လယ်ကမ်းခြေကအပြန်မှာတော့ အားလုံးပင်ပန်းနေကြပေမယ့် မီးငယ်ရယ်။ မမနှစ်ယောက်ရယ် သုံးယောက်သား နွေဦးပွဲတော်ဆီကို ချီတက်လာကြပြန်ပါတယ် :D မမောနိုင်မပမ်းနိုင်ဆော့နေကြတာ။
ရှားရှားပါးပါး တိုကျိုမှာ ရှိပေမယ့် အခုလို အိန္ဒိင်္ယအစားအစာကို သူတို့လူမျိုးကိုယ်တိုင် ချက်ရောင်းတဲ့ ဆိုင်တော့ မရှိပါဘူး။ ဟော့ကိုင်းဒိုးရဲ့ နာမည်ကြီးအစားအစာထဲမှာပါတဲ့ Curry Soup လို့ခေါ်တဲ့ အရည်သောက် ဟင်းရည် တမျိုးပါ။ အမှတ်တရ စားခဲ့ပါသေးတယ် ။ :D

ဆပ်ပိုရိုသို့အပြန် အမှတ်တရလက်ဆောင်ဆိုင်

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၉ရက် )

နိုဘိုးရိဘဲ့စွတ်ကအပြန် ဆပ်ပိုရိုရုံးက ၀န်ထမ်းတွေအတွက် မုန့်ဝင်ဝယ်ခဲ့တဲ့ဆိုင်လေးပါ။ ဂျပန်မှာတော့ ဘယ်ကိုပဲသွားသွား မုန့်ဝယ်လာလေ့ ရှိကြပါတယ်။ ကိုယ်ရောက်ခဲ့တဲ့ ဒေသရဲ့ အစားအသောက်တခုခုကို ပေးတဲ့အလေ့အထရှိတာမို့ မီးငယ်လည်း ရုံးကလူတွေအားလုံးအတွက် မုန့်ဝယ်လာခဲ့ပါတယ်။

ချစ်စရာ သကြားလုံးလှည်းလေးပါ။ သကြားလုံးပေါင်း အမျိုးအစားမြောက်များစွာကို ချစ်စဖွယ်ပြင်ဆင်ထားတာမို့ သဘောကျလွန်းလို့ ရိုက်ခဲ့တာပါ.






ချော့ကလက်နဲ့ တခြားမုန့်တွေလည်း ရှိပါတယ်.။ ချစ်တဲ့မမနဲ့တူတူ မုန့်တွေအများကြီးပဲ ၀ယ်လာခဲ့ပါတယ်။

Shiro Tori Oo Bashi ( အဖြူရောင်ငှက်တံတားကြီး ) သို့

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၈ရက် )

အသွားတုန်းက မီးငယ်ရဲ့ လေကြောမိသွားလို့ ဖြတ်မမောင်းခဲ့ရတဲ့ တံတားကို အပြန်မှာ မမေ့မလျော့ မမက လိုက်ပို့ပေးရှာပါတယ် :D ညဘက်ဆိုရင် ရောင်စုံမီးလုံးတွေနဲ့ ပိုလှတယ်လို့ ပြောပြတယ်။ နယ်မြို့လေးမို့ ဒီတံတားကြီးက နာမည်ကျော်တံတားပါပဲတဲ့။ Shiro Tori Oo Bashi (白鳥大橋)မြန်မာလိုပြန်တော့ အဖြူရောင်ငှက်တံတားကြီး ပေါ့ :P

တံတားပေါ်ကနေ ကားဖြတ်သွားရင်း လှမ်းရိုက်တဲ့ မြင်ကွင်းလေးပါပဲ.

လှိုင်သာယာတံတားနဲ့တောင် တူသေးတယ် ဟိဟိ မီးငယ် ကျောင်းတက်တုန်းက ရောက်ဖူးတဲ့နေရာ :D

တံတားဘေးမှာ တန်းပိုးဒိုင် ဆိုတာရှိပါတယ်။ ရှုခင်းကြည့်တဲ့ နေရာတခုပါပဲ အဝေးက တံတားကို လှမ်းရိုက်ထားတာပါ။ လှတယ်နော် ရှုခင်းလေးတွေ :D

တံတားကြီးရဲ့ အကြောင်းကို ရှင်းလင်းချက်ရေးထားတဲ့ဆိုင်းဘုတ်ပါ :)

ဒါကတော့ ကားသွားနေရင်းနဲ့ လှမ်းရိုက်ထားတဲ့ တံတားကြီးရဲ့အလှအပ

တံတားထိပ်က တန်းပိုးဒိုင်မှာ ရိုက်ထားတာ ဘယ်က အရုပ်မတကောင်လည်းတော့မသိဘူး
( အိမ်ကမေမေကတော့ အဲ့လိုပဲ ပြောတယ်။ ဟိ )

အဲ့ဒီမှာ မြင်နေရတဲ့ ဒလက်က လျှပ်စစ်ထုတ်တာလို့ ပြောပြပါတယ်။ တကယ့်ကို စက်မှုထွန်းကားနေတဲ့ နိုင်ငံဖြစ်ပေမယ့် ဒီလိုသဘာဝက ရတဲ့ စွမ်းအားကိုပဲ အသုံးချနေသေးတဲ့ နေရာတွေလည်း ရှိသေးတာပါပဲ။

အိုကားစံဆီသွားနေတဲ့ လမ်းတလျှောက်မှာ ရိုက်လာတဲ့ ပုံလေးတွေပါ။ မကြာခင်အချိန်အတွင်း အိုကားစံဆီ ရောက်ပါတော့မယ်။ ညနေ ၅နာရီခွဲနေပြီမို့ ဗိုက်ကလည်း ဆာနေပါပြီ။ :D





Wednesday, February 17, 2010

ထူးဆန်းတဲ့ Soft Cream ဆိုင်လေး

(၂၀၀၉ခုနှစ် အောက်တိုဘာ ၁၈ရက်)


Bikkuri Donki ဆိုတဲ့ ဆိုင်လေးပါ။ တိုကျိုမှာလည်း ရှိတယ်လို့ သိရပေမယ့် မရောက်ဖူးသေးပါဘူး :D ချစ်တဲ့မမက နာမည်ကြီးဆိုင်မို့လို့ Soft Cream လောက်ကတော့ ဘာမှမဖြစ်လောက်ပါဘူးတဲ့။ သွားစားရအောင်ဆိုတာနဲ့ ရောက်ဖြစ်ပါတယ်။ ဆိုင်တခုလုံးကို နွားခေါင်းလေးတွေ တန်းစီပြီး အရုပ်လေးတွေ လုပ်ထားတာပါ။ အဝေးကနေတောင် မြင်နိုင်ပေမယ့် အနီးကပ် မရိုက်လာခဲ့မိလို့ သေချာတော့ ပြလို့မရတော့ပါဘူး ။ အဲ့ဒီဆိုင်ရှေ့က အရုပ်မကိုသာ ကြည့်သွားကြပါတော့နော် :D

ဒီပုံလေးမှာတော့ သေချာမြင်ရလောက်မယ်ထင်ပါတယ်။ ဘယ်ဘက်အစွန်ဆုံးက နွားခေါင်းလေးထွက်နေတဲ့ ပြတင်းပေါက်လေးရယ်။ အလည်ကတော့ နွားနို့ပုံးလေးတွေကို တင်ထားတာပါ။ ညာဘက်အစွန်ဆုံးကတော့ မုန့်လုပ်တဲ့ပစ္စည်းတွေလို့ပြောပါတယ်။ ခေါင်မိုးပေါ်မှာလည်း နွားနှစ်ကောင် ဖင်ထောင်နေတဲ့ပုံလေးပါ။ သူတို့ဆိုင်က နွားမွေးမြူရေးကို အဓိကလုပ်ရာကနေ နွားနို့ဆိုင်ဖွင့်ပြီး Soft Cream ဆိုင်ပါ ဆက်ဖွင့်ခဲ့တာလို့ သိရပါတယ်။ ဟော့ကိုင်းဒိုးရဲ့ ထူးခြားတဲ့ တချက်က နွားမွေးမြူရေးလုပ်ငန်းကို တော်တော်များများ လုပ်ကိုင်ကြတာပဲဖြစ်ပါတယ်။

သပ်သပ်ရပ်ရပ်လေးနဲ့ ချစ်စရာ ဆိုင်အဆင်အပြင်လေးပါ။
ကျေးလက်ဓလေ့လေးတွေ ဖုံးလွှမ်းနေတဲ့ ဆိုင်လေးမို့ ချစ်စရာအသွင်သဏ္ဍာန်လေးနဲ့ပါပဲ။

စားဖြစ်ခဲ့တဲ့ Soft Cream ပါ။ တပွဲကို ယန်း၂၅၀ပဲ ကျသင့်တာမို့ အံ့အားသင့်ခဲ့ရပါတယ်။ အခြားအစားအစာတွေလည်း ရပေမယ့် ညနေ၄နာရီထိုးနေပြီဖြစ်လို့ အိုကားစံရဲ့ သိုးသားဟင်းလေးကို မျှော်လင့်ခြင်းတွေနဲ့တခြားဘာမှ မစားခဲ့တော့ပါဘူး :D

ဆိုင်အပြင်ဘက်မှာရှိတဲ့ အဆောက်အဦးတခုပါ။ ဘာကြီးလဲတော့ မီးငယ်လည်းမသိဘူး အဟီး ဒါပေမယ့် စစ်တိုက်ထွက်တဲ့ တပ်သားတွေကို ဂုဏ်ပြုထားခဲ့တဲ့ ရှေးတုန်းက လက်ရာတခုလို့တော့ ပြောပြတာနဲ့ ရိုက်လိုက်တာ သေချာမသိဘူးနော် ဟိဟိ

Tou ya Ko ( တိုးယကို ) မှ အပြန် မီးတောင်

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၈ရက် )

တိုးယကိုက အပြန်လမ်းမှာရှိတဲ့ မီးတောင်တခုပါ။ ကားပေါ်ကနေပဲ လှမ်းပြီး ရိုက်ခဲ့ပါတော့တယ်။
အငွေ့တွေ တောင် တထောင်းထောင်းထနေသေးတာမို့ အသဲယားစရာပါပဲ။
တဖြည်းဖြည်းနဲ့ သေလာပြီလို့တော့ မမက ပြောပါတယ်။

ကားမောင်းနေရင်းနဲ့ တောက်လျှောက်ရိုက်ယူထားခဲ့တဲ့ပုံတွေပါ။

ကားမောင်းနေရင်းနဲ့ တောက်လျှောက်ရိုက်ယူထားခဲ့တဲ့ပုံတွေပါ။ ကားသွားနေရင်းနဲ့ ရိုက်ယူထားတာမို့ ပုံတွေက အဝေးကနေကြည့်နေရတဲ့ ပုံတွေပါပဲ။

လမ်းမှာဗိုက်ဆာလာတာနဲ့ အိုကားစံရဲ့ သိုးသားဟင်းကို မစားခင် အဆာပြေ ၀င်စားကြတာပါ :P ဟော့ကိုင်းဒိုးက ကိတ်က တော်တော်အရသာရှိတယ်။ ဟိ။ ကိတ်ကို လုပ်တဲ့ နွားနို့ကို လည်း အဲ့ဒီဆိုင်က နွားတွေကို မွေးပြီးထုတ်တာမို့ ကိတ်မုန့်က နွားနို့အရသာကဲလို့စားလို့ တော်တော်လေး ကောင်းပါတယ်။ :D
ကိတ်တခုနဲ့ ကော်ဖီတခွက် ကို ၁၅၀၀ ယန်းပေးရပါတယ် :( စားလို့တော့အကောင်းသား အဟီး

အဲ့ဒီဆိုင်လေးပါ။ ဆိုင်လေးကလည်း ချစ်စရာလေးဖြစ်တဲ့အပြင် အဲ့ဒီဆိုင်မှာ နာမည်ကြီးတာက အာလူးမုန့်ပါတဲ့။ စားပြီးမှ သိတာမို့ ရုံးက ၀န်ထမ်းတွေနဲ့ အိုကားစံ စားဖို့ပဲ ၀ယ်လိုက်ပါတော့တယ်။ ပုံတော့မရိုက်ထားခဲ့မိပါဘူး။ အဲ့ဒီမှာ မြင်နေရတဲ့ အ၀ါရောင်ဘူးလေးတွေပါ။ တဗူးကို ၁၂၀၀ ယန်းကျသင့်ပါတယ်။ :)

Tou ya Ko ( တိုးယကို ) မှ အပြန်

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၈ရက် )

တိုးယကိုကနေ အပြန်လမ်းမှာ ဖြစ်ပါတယ်။ တိုးယကိုနဲ့ သိပ်မနီးမဝေးမှာရှိတဲ့ မော်တော်ဘုတ်အသေးလေးတွေ စီးလို့ရတဲ့နေရာပါ။ အိုကားစံက ညနေစာချက်ထားမယ်လို့ ပြောတာ တကြောင်း၊ နည်းနည်းလည်း စောသေးတာ တကြောင်း၊ နောက်တခေါက်ထပ်လာဖို့ဆိုတာ တော်တော်ခက်ခဲ မယ့်ကိစ္စဖြစ်တာမို့ ရောက်တုန်းရောက်ခိုက်ဆိုပြီး အနားမှာရှိသမျှ နေရာတွေ အကုန်လည်ခဲ့ပါတယ်။

ဂျပန်နိုင်ငံမှာ သစ်ပင်တော်တော်များများဟာ အောက်တိုဘာလပိုင်းမှာ အနီရောင်သစ်ရွက်တွေ အဖြစ် အရောင် ပြောင်းကုန်လေ့ရှိကြပါတယ်။ အဲ့ဒီအချိန်ဟာ ခရီးသွားအများဆုံးအချိန်လည်းဖြစ်သလို ပတ်ဝန်းကျင်မှာ မြင်မြင်သမျှက အကုန်လှနေပါတယ်။ မီးငယ်နဲ့ မလှမ်းမကမ်းမှာ တွေ့ရတဲ့ အုပ်စုကလည်း နိုင်ငံခြားသား ခရီးသွားတွေ ဓာတ်ပုံကို အုပ်စုလိုက် ဖွဲ့ပြီး ရိုက်နေကြတာပါ။ မီးငယ်ကတော့ မမ ကင်မရာမင်းလေးနဲ့ တွေ့သမျှ နေရာ၊ ရောက်သမျှ နေရာ အကုန်လိုက်ရိုက်လိုက်တာ ကင်မရာက 8GB SD Card ထည့်ထားမိလို့ တော်သေး :D ကင်မရာဝယ်ဝယ်ချင်း ပထမရက်မှာကို ပုံ ၅၀၀ ကျော်သွားခဲ့ပါတယ် :P

တိုးယကိုနဲ့ မနီးမဝေးလေးမှာပဲရှိတဲ့ တိုးယကိုရဲ့ အလှအပကို ကြည့်လို့ရတဲ့ နေရာလေးပါပဲ။
ရေစပ်ထိသွားထိုင်ပြီး ဆော့နေတဲ့ မီးငယ်ကို မမက အဝေးကနေ လှမ်းရိုက်ပေးထားတဲ့ပုံပါ။ ကိုယ်က တော်တော်ဝေးနေလို့လားမသိ ပုံလေးကြည့်ရတာ တော်တော်လေး လှနေသလိုပါပဲ :D
ချစ်စရာလှေလေးတွေပါ။ စီးမယ်ဆိုရင် တစီးကို တနာရီစီးလို့ရပြီး တယောက်ကို ၃၅၀၀ ယန်းကျသင့်ပါတယ်။ ပိုက်ပိုက်ကို အားနာတာတကြောင်း၊ သိပ်လည်း မထူးခြားလှပါဘူးလို့ စိတ်ထဲ ဖြစ်လာတာနဲ့ မစီးတော့ဘဲ ကုန်းပေါ်တင်ထားတဲ့ လှေလေးတွေနားမှာ သွားရိုက်လာခဲ့ပါတယ်။ ဘဲ နှစ်ကောင်ကြားက ဂျစ်တူးမ ဖြစ်နေတယ် :P
ကမ်းစပ်ကကျောက်တုံးလေးတွေနားမှာ လှလိုလှငြားသွားရိုက်ပေးမယ်ဆိုတာနဲ့ ရိုက်လာတာပါ။ ချော်ကျသေးတာမို့ ဘယ်လိုမှ မလှနိုင်ဘဲ ဖြစ်သွားရပါတယ် :P ဟော့ကိုင်းဒိုးမှာ ဖြစ်တာမို့ ရာသီဥတုက ပုံမှန်တောင် အေးတဲ့အတွက် အားလုံးက ဂျက်ကတ်တွေ ဦးထုပ်တွေ ၀တ်ထားတဲ့အချိန် မီးငယ်က အဆော့လွန်ပြီး အကျီင်္လက်တိုနဲ့ မို့ ဒီပုံတွေကို ဘယ်အချိန်ပြပြ ဂျပန်တွေ မျက်လုံးပြူးတဲ့ ပုံပါပဲ။ အချမ်းကြောက်တဲ့ အိုကားစံကို ဒီပုံတွေပြတော့ အဆူခံလိုက်ရပါသေးတယ် :D


Tou ya Ko ( တိုးယကို ) သို့တခေါက်

(၂၀၀၉ခုနှစ် အောက်တိုဘာ ၁၈ရက် )

ကင်မရာဝယ်ပြီးပြီမို့ မျောက်အုန်းသီးရသလိုပဲ မြင်ရာကို ရိုက်ချင်နေပါတော့တယ် :Pမမတို့ ဆီကို ရောက်တဲ့ ဒုတိယမြောက်နေ့ပါ။ မနက်အစောကြီး မမက မီးငယ်တည်းတဲ့ဟိုတယ်ကိုလာကြိုပေးပြီး TouyaKo( တိုးယကို ) ကို လာခဲ့ကြပါတယ်။မမရဲ့ ဇာတိ နိုဘိုးရိဘဲ့စွတ်ကကနေတောင် ၁နာရီခွဲနှစ်နာရီလောက်မောင်းပြီးမှ ရောက်တဲ့နေရာမို့ သီးသန့်လိုက်ပို့ပေးတဲ့ မမကို ကျေးဇူးတင်လျှက်ပါ။


တိုးယကို ကို သွားတဲ့ လမ်းခုလတ်မှာ တံတားတစင်းရှိပါတယ်။ အဲ့ဒီတံတားကို ဖြတ်မောင်းမယ် လုပ်ပြီးမှ မီးငယ်စကားများနေတဲ့ လေကြောကို မိသွားရှာတဲ့မမ တခြားတလမ်းကိုရောက်သွားပါတော့တယ်။
အပြန်ကျမှ လိုက်ပို့မယ်ပြောပြီး လမ်းဘေးတနေရာကနေ ကားရပ်လို့ လှမ်းပြခဲ့ပါတယ်။ မြူတွေဆိုင်းနေတာမို့ ဓာတ်ပုံထဲမှာ တံတားပါမလာဘဲ ဘယ်က အရုပ်တကောင် ထောင်ထားသလဲ လို့ ထင်ရတဲ့ မီးငယ်ပုံပဲ ပါလာပါတော့တယ် :D

အဝေးမှာလှမ်းမြင်နေရတဲ့ သင်္ဘောလေးကို သွားစီးမှာပါ။ တိုးယကိုဆိုတာ မြန်မာလိုတော့ တိုးယကန်ပါပဲ။ ကန်အကြီးကြီးထဲမှာ သင်္ဘောပတ်စီးဖို့ သီးသန့်ပဲ သွားကြတာပါ။ မမက မေးတယ် သင်္ဘောစီးဖူးလားတဲ့ :P
သင်္ဘောစီးခ တယောက်ကို ယန်း ၃၀၀၀ ပေးရပါတယ်။ ဈေးကြီးလိုက်တာ :(


သင်္ဘော ကုန်းပတ်တနေရာမှ ရိုက်ထားတာပါ။ဖြစ်ချင်တော့ မိုးဖွဲဖွဲရွာနေတာမို့ရာသီက မှုန်မှိုင်းနေပါတယ်။


သင်္ဘောအတွင်းမှာရိုက်ထားတာပါ။ အပြင်က မြင်ကွင်းကို လှမ်းကြည့်ရတာ ရန်ကုန်က ပန်းဆိုးတမ်းကနေ ဟိုဘက်ကို ကူးတဲ့ဇက်နဲ့တောင် တူသေး :D










သင်္ဘောထဲမှာ လက်ဆောင်ပစ္စည်းတွေရောင်းပါတယ် ။ တခုမှ ယန်း၂ထောင် အောက် မရှိတဲ့အပြင် ကိုယ်နဲ့ အသုံးတဲ့တာလည်း မရှိတာကြောင့် ငေးမောရင်း ငမ်းရင်း သွားရည်ကျရုံအပြင် ဘာမှကို မ၀ယ်လာခဲ့ပါဘူး :P
သင်္ဘောပေါ်ကဆင်းတော့ ကျွန်းလေးဆီကို သွားရပါတယ်။ ကန်ထဲ ပတ်စီးရုံတခုထဲမဟုတ်ဘဲ ဆိတ်တွေမွေးထားတဲ့ ကျွန်းလေးကိုပါ ပို့ပေးတာမို့ တကယ်က သင်္ဘောပတ်စီးရုံပဲ စီးလည်း ဖြစ်ပေမယ့် ရောက်ဖူးအောင် ဆင်းလိုက်ပါတယ်။ ဆိတ် မြင်ဖူးလား မေးတာမို့ ရီရပါသေးတယ်။
ဂျပန်မှာကတော့ ဆိတ်က ရှားပါးသတ္တ၀ါထဲပါပါတယ် :D
ဒီမော်တော်ဘုတ်လေးစီးချင်ရင်လည်း ရပါသေးတယ်။ မေးကြည့်တော တယောက်ကို ၃၅၀၀ ယန်းဆိုတာနဲ့ ဓာတ်ပုံပဲ ရိုက်ခဲ့ပါတော့တယ်။ စီးမှ မစီးနိုင်ပဲကွယ်. နော့ :D

ဒါသင်္ဘောပေါ်ကဆင်းပြီး ကျွန်းလေးဆီကို ကူးတဲ့ တံတားပါ။ ချစ်တဲ့မမပုံလေးပါ ( နာမည်က တာကမိစံ ပါ )
အလာတုန်းက သင်္ဘောနဲ့ ပြန်လာကြိုတဲ့ သင်္ဘောမတူတာမို့ သင်္ဘောနှစ်မျိုးစီးရသလိုပါပဲ။


ဒါကတော့ ဟော့ကိုင်းဒိုး တိုးယကို ဆိုတဲ့ အမှတ်တရ ဆိုင်းဘုတ်ပါ။ ( တော်သေးရဲ့ ခွေးရုပ်ဘူတာ မရှိလို့ :D )
အဲ့ဒီအနားမှာပဲရှိတဲ့ ထူးခြားတဲ့ နေရာလေးပါ။ ခြေထောက်ကို ရေနွေးစိမ်တဲ့ကန်လေးပါ။ တိုကျိုမှာ တခါမှ မမြင်ဖူးတဲ့ အရာလေးမို့ စိတ်ဝင်တစား သွားကြည့်ခဲ့ပါတယ်။ စိမ်ကြည့်ချင်ပေမယ့် ကိုယ်ဝတ်ထားတဲ့ စတော့ကင်ကို အားနာရသေးတာမို့ ဓာတ်ပုံပဲရိုက်ခဲ့ပါတော့တယ် :D

တိုးယကိုကနေ ထွက်တော့ နေ့လည် ၁၂ခွဲကျော်နေပါပြီ။ မမရဲ့မေမေ ( အိုကားစံ ) ဆီဖုန်းလှမ်းဆက်တော့ သိုးသားမစားဘူးတဲ့ မီးငယ်ကို အိုကားစံက ကိုယ်တိုင် ချက်ကျွေးမယ်ဆိုတာနဲ့ လမ်းမှာ မုန့်တခုခုပဲစားပြီး ညနေစာအတွက် အားရပါးရ ချန်ထားမယ်လို့ တွေးရင်း တိုးယကို ကနေ ပြန်လာခဲ့ပါတော့တယ်။