အိမ်ကလေးကို တည်ဆောက်ခဲ့တာ ဘာလိုလိုနဲ့ ၁လပြည့်သွားခဲ့ပြီ။ ဒီကြားထဲမှာ မီးငယ်ရဲ့ အိမ်ကလေးကို လာလည်ကြတဲ့ ကိုကို မမ သူငယ်ချင်း မောင်လေး ညီမလေးတွေကို စိတ်ကျေနပ်လောက်အောင် ပို့စ်တွေ မတင်ပေးနိုင်ခဲ့ဘူးလို့ ထင်မိလို့စိတ်အားငယ်ရ ပါတယ်။ ဒီတပတ်တော့ အိမ်ကလေးတစ်လပြည့် အနေနဲ့ မီးငယ် သွားခဲ့တဲ့ ခရီးတွေ အများကြီး ထပ်တင်ပေးဖို့ စိတ်ကူးပါတယ်။ ( တကယ်က အချိန်လုံးဝမရလို့ပါ ) တစ်လပြည့် အတွက် အမှတ်တရ ဖြစ်သွားအောင် တင်ချင်တဲ့ ပို့စ်ကတော့ မီးငယ်နဲ့ DISNEY LAND ပါပဲ။ တလပြည့် အမှတ်တရပေါ့နော်။ လသားအရွယ် အိမ်ကလေးကို လာရောက်လည်ပတ်ကြသူတွေအားလုံး ခေတ္တခဏလေးပဲ ဖြစ်ဖြစ် စိတ်အေးချမ်းမှုလေး ရသွားတယ်ဆိုရင် မီးငယ် ဖန်တီးရကျိုး နပ်ပါပြီ ....
BE KEPT PEACEFUL for all visitors to ur house .........