ဒီနေ့တော့ မေမေနဲ့ ဖုန်းပြောရတယ် .. လွမ်းလိုက်တာ မေမေရယ် .. မီးငယ် မေမေ့ကို သတိရတယ်လို့ ပြောတော့ အချွဲမလေးတဲ့ .. ဂရုစိုက်မယ့်သူ ကပ်နေတဲ့သူ မရှိတော့လို့ မေ့ကို လွမ်းတာမလားတဲ့ ...
တခါတလေ အိမ်ကို ပြင်းပြင်းထန်ထန် သတိရတယ် .. ပြန်ချင်တဲ့စိတ်ရှိလားလို့ မေးရင်လည်း မရှိပြန်ဘူး .. ဘာပဲဖြစ်ဖြစ်ပေါ့လေ.. ကိုယ်ရောက်နေတဲ့ နေရာမှာ တာဝန်ကျေပွန်အောင် . ကိုယ့်ကိုယ်ကို တကယ်ကြိုးစား ခဲ့တယ်.. ကြိုးစားနေတယ်ဆိုတာ လိပ်ပြာသန့်အောင်တော့ ကြိုးစားရဦးမှာပေါ့ .. လွမ်းတယ် မေမေ .. တနေ့နေ့ပေါ့လေ .. မီးငယ်တို့ မိသားစု အရမ်းကို ပျော်ရွှင်ရဦးမှာပါ .. ခနတာ ခွဲခွာနေရတာ တသက်တာ ပျော်ရွှင်ဖို့ပါပဲ ချစ်တဲ့ မေမေ ... မိသားစုအတွက် .. မေမေ့အတွက် .. မေမေ့စကားကို အမြဲနားထောင်ပြီး လိမ်လိမ်မာမာနေပါ့မယ် ...
မေမေ့ကိုချစ်တဲ့
မီးငယ်
Showing posts with label မေမေ့အတွက်ခံစားချက်. Show all posts
Showing posts with label မေမေ့အတွက်ခံစားချက်. Show all posts
Tuesday, February 9, 2010
မေမေသို့...
Posted by မီးငယ် at 8:43 PM 0 comments
Labels: မေမေ့အတွက်ခံစားချက်
Subscribe to:
Posts (Atom)

