( ၂၀၀၉ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့ )
ကျွန်မရဲ့အလုပ်က တိုကျိုမှာပဲ ရှိတဲ့အပြင် တနေရာကနေ တနေရာသွားရင် အကုန်အကျများတာတကြောင်း၊ တယောက်ထဲသွားရမှာ ဘယ်လိုမှ စိတ်မပါတာတကြောင်းကြောင့် ဘယ်မှ သိပ်မသွားခဲ့တဲ့ကျွန်မ အလုပ်ကိစ္စနဲ့ ဟော့ကိုင်းဒိုးကို ၂လ သွားရမယ်လို့ ကြားရတဲ့အခါ အပျော်တွေဆင့်လို့ ရင်ခုန်ခြင်းများစွာနဲ့ပေါ့။ ဟော့ကိုင်းဒိုး ဆပ်ပိုရို မြို့က ကာစတန်မာ ကုမ္ပဏီကို ပရောဂျက်တာဝန်ခံအဖြစ် စေလွှတ်ခံရတာမို့ အလုပ်အတွက် ရင်ခုန်တာ တမျိုး၊ ကိုယ်ဆက်ဆံရမယ့်သူတွေက ဘယ်လိုလူတွေပါလိမ့်လို့ စိတ်ပူရတာတမျိုး၊ ခရီးသွားရတော့မယ်ဆိုတဲ့ အသိက တမျိုးနဲ့ ပျော်လိုက်တာ။ တကယ်တမ်းသွားရတဲ့နေ့မှာ ကျွန်မရဲ့လက်စွဲတော်ကွန်ပျူတာလေးနဲ့ ဖက်အိပ်နေကြ တယ်ဒီလေးကတော့ မပါမဖြစ်ပေါ့။ ကျွန်မရဲ့ အထက်အရာရှိက ကိုယ်တိုင်လိုက်ပို့တာမို့ တယောက်ထဲတော့ ဖြစ်မနေခဲ့ပါဘူး။ ခရီးသွားတာ တယ်ဒီပါလာတဲ့ ကျွန်မကို အထက်အရာရှိက တအံ့တသြနဲ့ ကောင်းချီးပေးလေရဲ့ ။ ဘေဘီလေးပဲတဲ့ :P ရှက်လိုက်တာ မတတ်နိုင်ဘူး။ ကိုယ်မှ သူမရှိရင် မအိပ်တတ်တာ။ ဒါတောင် မကောင်းတတ်လို့ အိမ်မှာရှိတဲ့ အရုပ်တွေသာ အကုန်သယ်ရရင် ဟော့ကိုင်းဒိုးရောက်မှာ ဟုတ်တော့ဘူးလေ :P Haneda လေဆိပ်ကနေ သွားတာမို့ ပထမဦးဆုံးအကြိမ် ဟနဲဒ လေဆိပ်ကို ရောက်ဖူးခြင်းပါပဲ။ ဆပ်ပိုရိုလေဆိပ်ထိ တနာရီကျော်ကျော်ပဲ စီးရပေမယ့် ရောက်ရောက်ခြင်း အိမ်ခန်းအသစ်အတွက် စာချုပ်ချုပ်ဖို့ ချက်ခြင်းသွား၊ လိုအပ်တာတွေ လမ်းမှာဝယ်ခြမ်းပြီးတော့ တက္ကစီနဲ့ အိမ်ကိုသွား၊ အိမ်ရောက်တော့ အခန်းကိုရှင်းလင်းပြီး နေရာချတော့ ကိုယ့်ရဲ့အထက်အရာရှိ ဟိဟိ ပြောမဆုံးပေါင်ဖြစ်သွားလေရဲ့ သူလှည့်ကြည့်တဲ့အချိန် ကိုယ်က အရုပ်ဖက်ပြီး ငုတ်တုတ်လေး အိပ်ပျော်နေလို့ တဲ့ :P သူကတော့ တံမြက်စည်းလေးကိုင်ပြီး လှည်းကျင်းနေရာချ၊ ပါလာတဲ့ပစ္စည်းတွေ အိုးခွက်ပန်းကန်တွေ လိုက်လုပ်နဲ့လုပ်နေတာ ကိုယ့်အသံပျောက်လို့ လှည့်ကြည့်တော့ ကိုယ်ကအိပ်ပျော်နေပြီ :D တအားပင်ပန်းနေတာ သူပဲလုပ်နိုင်တယ် တတ်နိုင်ဘူး ( အဟဲ ရှက်ရှက်နဲ့ ထပ်ပြောလိုက်ဦးမယ် သူက ယောကျာ်းကြီး ကိုယ်ကမိန်းကလေး ဟိဟိ ရှင်းရမှာက ကိုယ်နေမယ့်အခန်း :P ) နောက်မှ ရှက်ရှက်နဲ့ ညစာလိုက်ကျွေးလိုက်တယ် သူပဲရှင်းပေးသွားတော့ ကံကောင်းပြန်ရော။ ပထမဆုံးနေ့လေးမှာကို အမှတ်တရ တွေနဲ့ အရမ်းပျော်ခဲ့တယ်။
အခွင့်ကြုံသေးရင် ပြန်ရောက်ချင်ပါသေးတယ် ဆပ်ပိုရိုရယ်။
Showing posts with label အမှတ်တရ နေ့စွဲများ. Show all posts
Showing posts with label အမှတ်တရ နေ့စွဲများ. Show all posts
Monday, February 15, 2010
ဟော့ကိုင်းဒိုး ဆပ်ပိုရို ရောက်ရှိခြင်း
Posted by မီးငယ် at 5:53 PM 0 comments
Labels: အမှတ်တရ နေ့စွဲများ
Subscribe to:
Posts (Atom)