(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၇ရက် )
မီးတောင်ကအပြန်လမ်းမှာ ခေါင်းတော်တော်လေးမူးနေလို့ မမက အချိုရည်ဝယ်တိုက်ပြီး လေကောင်းလေသန့် ရှုဖို့ ပင်လယ်ဘက်ကို လိုက်ပို့ခဲ့ပါတယ်။ သီးသန့်သွားကြတဲ့ နေရာမဟုတ်ဘဲ လမ်းမှာ တွေ့တဲ့ နေရာကို ကားရပ်ပြီးသွားတာမို့ နာမည်တော့ မသိပါဘူး :D ပြီးတော့ အဲ့ဒီကမ်းခြေထိ ရောက်အောင် သွားဖို့ လမ်းလျှောက်စရာ နေရာလည်းမရှိပါဘူး။ မီးငယ်တို့ ဘယ်လောက်ဆော့သလဲဆိုရင် မြင်တဲ့အတိုင်း ဘယ်လိုမှ မမီတဲ့ ကိုယ့်အရပ်ကို အားမနာဘဲ ခုန်တက်ပြီး ဟိုဘက်ကို ခုန်ကျော်ပြီးမှကို သွားဆော့ခဲ့ပါတယ်။ ပျော်လိုက်တာမှ တအားပါပဲ။ မူးနေခဲ့တဲ့ ခေါင်းလည်း ဘယ်နားရောက်သွားမှန်းကို မသိလောက်အောင်ပါပဲ။

သဲသောင်ပြင်ထဲ ဒေါက်ဖိနပ်မြုပ်ပြီး လမ်းလျှောက်လို့ မရဖြစ်နေတာတောင် မရရအောင် ပြေးခဲ့ပါသေးတယ် :Dရေကြိုက်တဲ့ကျွန်မအဖို့ကတော့ တော်တော်လေးကို ပျော်ရွှင်ခဲ့တဲ့နေရာလေးပါပဲ။ ချစ်တဲ့မမကတော့ သူ့အသက်နဲ့ ခုန်တော့ မကျော်ပါရစေနဲ့တော့တဲ့ တောင်းပန်တာနဲ့ အဝေးကနေပဲ ဓာတ်ပုံတွေ ရိုက်ပေးခဲ့ပါတယ် :P ကိုယ်ကတော့ ခုန်ကျော်ပြီးတော့ပဲ သွားဆော့လိုက်ပါတယ်။ ပျော်လိုက်တာ :D

အဲ့ဒီနေ့က ညစာကိုတော့ ဂျပန်နိုင်ငံမှာ ဒုတိယ နာမည်အကြီးဆုံး Yakitori ( ကြက်ကင်) ဆိုင်ကို သွားစားပါတယ်။ အဲ့ဒီဆိုင်ရဲ့ထူးခြားချက်က ကြေညာထားတာ ကြက်ကင်ပေမယ့် တကယ်ရတာ ၀က်သားတမျိုးထဲပါပဲ။ ဟိုးအရင် ဆိုင်စဖွင့်ထဲက အဲ့လိုပဲ ဖြစ်ခဲ့တာလို့ ပြောပါတယ်။ သမိုင်းကြောင်း ပြောပြပေမယ့် မှတ်မိတော့ဘူး :D အရသာကတော့ အရမ်းရှိပါတယ်။ ဟော့ကိုင်းဒိုးမှာ ဘယ်လို အစားအစာပဲ ဖြစ်ဖြစ် အရသာရှိနေတာပါပဲ

0 comments:
Post a Comment