( ၂၀၀၉ခုနှစ် ဇူလိုင်၁၂ )
ဂျပန်နိုင်ငံကို စရောက်ရောက်ချင်း မီးငယ် Customer Site က သူဌေးက ဖိတ်လို့ ယိုကိုဟားမားမှာရှိတဲ့ ကမာကုရ ရုပ်ပွားတော်ဆီကို ပထမဦးဆုံးရောက်ဖူးခဲ့ပါတယ်။ ကင်မရာမ၀ယ်နိုင်သေးတာနဲ့ ရှိတဲ့ဖုန်းနဲ့ ရိုက်ရတော့ ပုံတွေကတော့ တော်တော်ကြီးကို လှလှပပ ထွက်လာရှာတယ် .. ဟိ... ဘာပဲဖြစ်ဖြစ် အမှတ်တရ ရောက်ခဲ့တဲ့ နေရာပါပဲ။
မှတ်မှတ်ရရ ၂၀၀၉ခုနှစ် ဇူလိုင်လထဲမှာသွားခဲ့တာပါ။ ပထမဦးဆုံးအကြိမ် ရထားကို အကြာကြီး စီးဖူးတာပါပဲ။ ရထား ၂ဆင့်ပြောင်းရင် ရောက်တဲ့နေရာကို ၄ခါလောက်ပြောင်းစီးပြီးမှ ရောက်ပါတယ်။ မီးငယ်တို့များအဲ့လို ကျွမ်းကျင်တာ။
လိုဏ်ဂူထဲမှာလည်း ဘုရားတွေအများကြီးပါပဲ။ ဒါကတော့ လိုဏ်ဂူအထွက်ပေါက်ပါ။ ပြန်အထွက်မှပဲ ရိုက်ဖြစ်တော့တယ်။ ကိုယ့်မှာကလည်း ကင်မရာကမရှိ သူများရိုက်ပေးမှဖြစ်တာဆိုတော့လည်း :(
ဘေးမှာရှိတဲ့ကလေးရုပ်လေးတွေက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ကလေးပျက်ကျတဲ့အခါ လာပြီးလှုကြတာတွေပါ။ အရုပ်တရုပ်တိုးတိုင်း စိတ်မချမ်းသာစရာ တခုမြင်ရသလိုပါပဲ။
ဘာရုပ်လေးလည်းတော့မသိ ချစ်ဖို့ကောင်းလို့ ရိုက်လာခဲ့တာ နောက်တခေါက်သွားနိုင်မှပဲ
သေချာ သမိုင်းကြောင်းတွေပါ သိအောင်လုပ်ခဲ့ပါ့မယ် :(
သေချာ သမိုင်းကြောင်းတွေပါ သိအောင်လုပ်ခဲ့ပါ့မယ် :(
0 comments:
Post a Comment