javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...
Showing posts with label ဂျပန်ရိုးရာယဉ်ကျေးမှု. Show all posts
Showing posts with label ဂျပန်ရိုးရာယဉ်ကျေးမှု. Show all posts

Monday, February 15, 2010

ရိုးရာမင်္ဂလာဆောင်

ဂျပန်နိုင်ငံရဲ့ မင်္ဂလာဆောင်တွေက ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဂျင်းဂျ မှာ ရိုးရာမင်္ဂလာဆောင် အခမ်းအနား ကျင်းပပြီးမှ ဟိုတယ်တွေမှာ အနောက်တိုင်းပုံစံ ဧည့်ခံကြတာများလာပါတယ်။ မတူတာတခုက မြန်မာက ပွဲတွေလို လူမများသလို ဂျင်းဂျကနေ ထွက်တာနဲ့ ဟိုတယ်ကို တန်းသွားပြီး ဧည့်ခံပွဲလုပ်တာပါ။ မြန်မာမှာလို ရက်တွေ အချိန်တွေ သက်သက်မခွဲပါဘူး။ တိုကျိုမှာ ကမာကုရ ဘုရားသွားတုန်းက တခေါက် မြင်ဖူးခဲ့ပေမယ့် အစအဆုံးတော့ ထိုင်မကြည့်နိုင်ခဲ့ပါဘူး။ ဟော့ကိုင်းဒိုးရောက်မှပဲ မင်္ဂလာဆောင်အခမ်းအနားနဲ့တည့်တည့်တိုးတဲ့အပြင် မင်္ဂလာဆောင်ဓာတ်ပုံစမရိုက်ခင် ဂျင်းဂျထဲကနေ သတို့သမီး သတို့သား ထွက်လာကထဲက စပြီး ဓာတ်ပုံတွေရိုက်နိုင်ခဲ့တာမို့ အစအဆုံးကို နေပြီး ရိုက်ယူခဲ့ပါတယ်။ နိုင်ငံခြားသားတယောက်ထဲ ဖြစ်နေတာမို့ အတူသွားတဲ့ ဂျပန်တွေကလည်း အဲ့လောက်တောင် ရိုးရာအခမ်းအနားကို စိတ်ဝင်စားရလားဆိုပြီး တအံ့တသြ၊ သတို့သား သတို့သမီးကလည်း ရှက်ကိုးရှက်ကန်းနဲ့ လာနှုတ်ဆက်ပါတယ်။ တကယ့်ကိုအမှတ်တရဖြစ်ခဲ့တဲ့ မင်္ဂလာဆောင် တခုပါပဲ



သတို့သား သတို့သမီး ဂျင်းဂျထဲမှ ထွက်လာစဉ်


အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရန် နေရာယူကြစဉ်









သတို့သမီးလေး



သတို့သားလေး





ShichiGoSan ( ရှိချိဂေါ့စန်း )

ဂျပန်နိုင်ငံမှာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ များသောအားဖြင့်ကျင်းပလေ့ရှိတဲ့ပွဲတော်တခုပါ။ ( ဒေသအလိုက် နေ့ရက်ကွဲပြားသည်။ ) ယောကျာ်းလေးဆိုရင်အသက် ၃နှစ်ပြည့်နဲ့ ၅နှစ်ပြည့်တဲ့အချိန်၊ မိန်းကလေးဆိုရင် ၅နှစ်ပြည့်နဲ့ ၇နှစ်ပြည့်တွေမှာ ဂျင်းဂျ ဒါမှမဟုတ် တဲရ ( မြန်မာအခေါ် ဘုန်းကြီးကျောင်းပေါ့နော် ) နေရာတွေမှာ ကျင်းပလေ့ရှိပါတယ်။ ရိုးရာဝတ်စုံပြည့်နဲ့ ကလေးလေးတွေကို တွေ့ရတာ သိပ်ချစ်ဖို့ကောင်းပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ၊ ကျွန်မ ဟော့ကိုင်းဒိုးမှာ ရှိတဲ့အချိန် အဲ့ဒီကသူငယ်ချင်းတွေနဲ့အတူ လျှောက်လည်တဲ့ နေ့မှာ ရှိချိဂေါ့စန်း ပွဲတော် ကျင်းပတဲ့နေတဲ့ ဂျင်းဂျကို ရောက်သွားခဲ့တာမို့ အမှတ်တရ ဓာတ်ပုံတွေ ရိုက်ခဲ့ပါတယ်။


ဒီကလေးလေးကတော့ ၅ နှစ်ပြည့်တဲ့ သားယောကျာ်းလေးပါ။ လမ်းမှာတွေ့တာမို့ မိဘတွေကို ခွင့်တောင်းပြီး ရိုက်ယူခဲ့ပါတယ်။ ရိုးရာဝတ်စုံလေးတွေနဲ့ အရမ်းချစ်ဖို့ကောင်းတယ် :)


၃နှစ်ပြည့်သမီးမိန်းကလေးနဲ့ ၅ နှစ်ပြည့်တဲ့ သားယောကျာ်းလေးပါ။ ဆော့လိုက်တဲ့ကလေးမလေး၊
သူ့ပုံကို ရိုက်ဖို့ကို တော်တော် စောင့်ယူလိုက်ရတယ် :P


ဒီကလေးလေးကလည်း ၃နှစ်ပြည့်တဲ့ အထိမ်းအမှတ်ပုံလေးပါ။



သားသားကတော့ ၅နှစ်၊ ၅နှစ်တောင် ဒီလောက်ထွားနေရင် ကြီးလာရင်တော့ ဖေဖေမေမေ ပြန်မော့ကြည့်ရမယ်



ဒီကလေးလေးကတော့ ၇နှစ်ပြည့်၊ ၇နှစ်မို့ထင်ရဲ့ ပဲများတတ်နေပြီ။ ချစ်စရာလေး


ဒီကလေးလေးကတော့ ၃ နှစ်၊ ၃နှစ်သာပြောရတယ် အရွယ်လေးနဲ့မလိုက်အောင် ပို့စ်ပေးတတ်တယ် :)


ဒီကလေးလေးကတော့ ၇ နှစ်၊ ရိုးရာဝတ်စုံပြည့်လေးတွေနဲ့က ဘာလူမျိုးဖြစ်ဖြစ် ချစ်ဖို့ကောင်းတာပဲနော်။


မေမေရယ် ၅ နှစ်ပြည့်တဲ့ သားသားရယ် ၃နှစ်ပြည့်တဲ့ မီးမီးရယ်ကို ဖေဖေက ဓာတ်ပုံတွေရိုက်ပေးနေလေရဲ့