မီးငယ် သွားရတဲ့ ကာစတန်မာဆိုက်က ၀န်ထမ်းအားလုံးမှာ ထူးခြားချက်တခုရှိပါတယ်။ ကုမ္ပဏီစတည်ထောင် ထဲက နှစ်နှစ်ဆယ်အတွင်း ၀န်ထမ်းခရီးဆိုတာ မရှိခဲ့တာပါပဲ။ ကိုယ့်အချင်းချင်း ညှိပြီး သွားလည်ကြတာမျိုး ရှိပေမယ့် အုပ်စုလိုက်တခါမှ မသွားခဲ့ပါဘူးတဲ့။ မီးငယ် ရောက်ပြီး သိပ်မကြာခင်မှာပဲ ဘယ်သွားချင်လဲလို့ မေးလာတာနဲ့ အားလုံးလိုက်ရင်တော့ ပင်လယ် သွားမယ်ဆိုပြီး ပြောခဲ့တာမို့ ရုံးထဲမှာလည်း စီစဉ်စရာတွေနဲ့ မေးလ်တွေပို့ပြီး ခရီးတခု စီစဉ်ဖြစ်ခဲ့ပါတယ်။ ပင်လယ်သွားမယ်လို့ ပြောခဲ့ပေမယ့် လမ်းတလျှောက်က စိတ်ဝင်စားစရာနေရာတွေကြီး ဖြစ်ခဲ့တာမို့ တကယ်ပင်လယ်လည်း ရောက်ရော အဝေးကပဲ ကြည့်လို့ရတဲ့ နေရာ ဖြစ်ခဲ့တာမို့ ရယ်ရပါသေးတယ်။ ဒါပေမယ့် တကယ့်ကိုပျော်ရွှင်ခဲ့တဲ့ ခရီးတခုပါပဲ။ ကားနှစ်စီးနဲ့ သွားခဲ့ကြတာပါ။ လမ်းတလျှောက်မှာလည်း သီချင်းတွေ အော်ဆိုနေတဲ့ မီးငယ်နဲ့အတူ အားလုံး သီချင်းတွေ လိုက်ဆိုကြတာမို့ အရမ်းကို ပျော်ခဲ့ရပါတယ်။ အမှတ်ရနေပါသေးတယ် ဆပ်ပိုရိုရယ်။
ဒါကတော့ စပျစ်ခြံရှိတဲ့ နေရာက ဆိုင်ပါ။ ခြံထဲကိုတော့ မသွားခဲ့တာမို့ ဆိုင်မှာပဲ ၀ယ်စားကြရင်း ဘာဘီကျူးပါတီ လုပ်ဖြစ်ခဲ့တဲ့နေရာလေးပါ။ နယ်မြို့လေးကဆိုင်တွေပီပီ တိုကျိုက ဆိုင်ပုံစံတွေနဲ့တော့ ကွာတာ အမှန်ပါပဲ။( တိုကျိုမှာတော့ ဂတ်စ်နဲ့ပဲ ကင်တာများပါတယ်။ မီးသွေးဆိုင်ဆိုရင် ဈေးအရမ်းကြီးပါတယ်။ )
ဒါကတော့ နစ်ကာ ၀ီစကီချက်တဲ့ စက်ရုံပါ.။ ၀ီစကီပေါင်းစုံကို ပြထားပေးတဲ့အပြင် ၀ိုင်ပေါင်းစုံ၊ အချိုရည် ပေါင်းစုံလည်း ရနိုင်ပါတယ်။ အချိုရည်ဆိုပေမယ့် အယ်လ်ကိုဟောပါတဲ့ အချိုရည်ပါ။ ဘယ်မှာမှ ၀ယ်လို့မရနိုင်ဘဲ အဲ့ဒီတနေရာထဲ ၀ယ်လို့ရပေမယ့် ဈေးတွေခေါင်ခိုက်နေတာမို့ ၀ယ်မလာဖြစ်ခဲ့ပါဘူး။
စက်ရုံထဲမှာတော့ ခုံတွေ စားပွဲတွေ ပြင်ဆင်ထားပြီးတော့ အနားထိုင်ယူလို့လည်းရပါတယ်။ ထူးခြားချက်ကတော့ နှစ်သက်ရာ ၀ိုင်၊ ၀ီစကီ ၊ အချိုရည် အားလုံး အလကား သောက်ခွင့်ရှိပါတယ် :D ဒါပေမယ့် အားလုံးက နည်းနည်းလေး မြည်းကြည့်တာတောင် တော်တော်ပြင်းတာမို့ မီးငယ်တော့ သောက်နိုင်ခဲ့ပါဘူး။ ဘားကောင်တာမှာ တင်ထားတဲ့ အထဲက ကြိုက်နှစ်သက်ရာသောက်ခွင့်ရှိသလို ၀ယ်ချင်ရင်လည်း ရောင်းပေးတဲ့နေရာပါ။
ရှားရှားပါးပါး တိုကျိုမှာ ရှိပေမယ့် အခုလို အိန္ဒိင်္ယအစားအစာကို သူတို့လူမျိုးကိုယ်တိုင် ချက်ရောင်းတဲ့ ဆိုင်တော့ မရှိပါဘူး။ ဟော့ကိုင်းဒိုးရဲ့ နာမည်ကြီးအစားအစာထဲမှာပါတဲ့ Curry Soup လို့ခေါ်တဲ့ အရည်သောက် ဟင်းရည် တမျိုးပါ။ အမှတ်တရ စားခဲ့ပါသေးတယ် ။ :D


1 comments:
ဝီစကီ ကိုအလကားသောက်ရတယ် ဆိုလို့ အရမ်းစိတ်ဝင်စားတယ် ဟီး..ဟီး...
Post a Comment