ဂျပန်နိုင်ငံရဲ့ မင်္ဂလာဆောင်တွေက ကျွန်မတို့ မြန်မာနိုင်ငံနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဂျင်းဂျ မှာ ရိုးရာမင်္ဂလာဆောင် အခမ်းအနား ကျင်းပပြီးမှ ဟိုတယ်တွေမှာ အနောက်တိုင်းပုံစံ ဧည့်ခံကြတာများလာပါတယ်။ မတူတာတခုက မြန်မာက ပွဲတွေလို လူမများသလို ဂျင်းဂျကနေ ထွက်တာနဲ့ ဟိုတယ်ကို တန်းသွားပြီး ဧည့်ခံပွဲလုပ်တာပါ။ မြန်မာမှာလို ရက်တွေ အချိန်တွေ သက်သက်မခွဲပါဘူး။ တိုကျိုမှာ ကမာကုရ ဘုရားသွားတုန်းက တခေါက် မြင်ဖူးခဲ့ပေမယ့် အစအဆုံးတော့ ထိုင်မကြည့်နိုင်ခဲ့ပါဘူး။ ဟော့ကိုင်းဒိုးရောက်မှပဲ မင်္ဂလာဆောင်အခမ်းအနားနဲ့တည့်တည့်တိုးတဲ့အပြင် မင်္ဂလာဆောင်ဓာတ်ပုံစမရိုက်ခင် ဂျင်းဂျထဲကနေ သတို့သမီး သတို့သား ထွက်လာကထဲက စပြီး ဓာတ်ပုံတွေရိုက်နိုင်ခဲ့တာမို့ အစအဆုံးကို နေပြီး ရိုက်ယူခဲ့ပါတယ်။ နိုင်ငံခြားသားတယောက်ထဲ ဖြစ်နေတာမို့ အတူသွားတဲ့ ဂျပန်တွေကလည်း အဲ့လောက်တောင် ရိုးရာအခမ်းအနားကို စိတ်ဝင်စားရလားဆိုပြီး တအံ့တသြ၊ သတို့သား သတို့သမီးကလည်း ရှက်ကိုးရှက်ကန်းနဲ့ လာနှုတ်ဆက်ပါတယ်။ တကယ့်ကိုအမှတ်တရဖြစ်ခဲ့တဲ့ မင်္ဂလာဆောင် တခုပါပဲ
Monday, February 15, 2010
ရိုးရာမင်္ဂလာဆောင်
သတို့သား သတို့သမီး ဂျင်းဂျထဲမှ ထွက်လာစဉ်
အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံရိုက်ရန် နေရာယူကြစဉ်
သတို့သမီးလေး
သတို့သားလေး
Posted by မီးငယ် at 8:12 PM
Labels: ဂျပန်ရိုးရာယဉ်ကျေးမှု
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment