javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Tuesday, February 16, 2010

ချယ်ရီပန်းကြည့်ပွဲတော် ( ဟနမိ )

(၂၀၀၉ခုနှစ် ဧပြီလ ၄ ရက်နေ့ )

ဂျပန်နိုင်ငံမှာ ချယ်ရီတွေပွင့်တာနဲ့ ပန်းကြည့်ပွဲတော် ( ဟနမိ ) ဆိုပြီး ပြုလုပ်လေ့ရှိပါတယ်။ မိသားစုတွေ နဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေစုပြီးတော့ ပဲဖြစ်ဖြစ် အုပ်စုလိုက်သွားလေ့ရှိပါတယ်။ မြန်မာမှာ ပျော်ပွဲစားထွက်ကြသလိုပဲ အဖွဲ့လိုက်တွေ ဟင်းတွေ ထမင်းတွေပဲဖြစ်ဖြစ် မုန့်တွေပဲဖြစ်ဖြစ် အစားအသောက်တွေ ယူပြီးသွားကြပါတယ်။ တနေကုန် ပျော်ပွဲစားကြတာပေါ့နော်။ ဒီနှစ်တော့ မီးငယ်လည်း ရုံးကသူငယ်ချင်းတရုတ်မ လေးရယ်၊ အတူတူနေတဲ့ အမရယ် ၃ ယောက်သား ပန်းကြည့်ထွက်လာကြပါတယ်။ ကိုယ်တိုင်ချက်ထားတဲ့ ဟင်းလေးတွေ သယ်လာလို့ပေါ့ :D


ကြာဇံကြော်၊ အမဲသားကြော်၊ ငါးခြောက်ကြော်၊ ကြက်သားလုံးကြော်၊
ကြက်သားသုပ်၊ အချဉ်၊ ၀က်နားရွက်သုပ် :D သောက်စရာကတော့ အချိုရည်ဘူး





ဆကုရာ ပန်းလေးတွေ အမျိုးအစားအများကြီးရှိတဲ့ ထဲမှာမှ မီးငယ်သွားခဲ့တဲ့ ပန်းခြံက
ရှင်းဂျုခုမှာ ရှိတဲ့ ပန်းခြံမို့ အဲ့ဒီထဲမှာရှိတဲ့ ပန်းလေးတွေပဲရိုက်ယူလာခဲ့ပါတယ်။
ချယ်ရီတွေကြားက ဂျစ်ကန်ကန်ကောင်မဆိုးလေး :D
ဘယ်အချိန်ပဲကြည့်ကြည့်ဂျစ်ကန်ကန်မှုန်ကုပ်ကုပ်ရယ် :P



မိသားစုလိုက် သူငယ်ချင်းတွေ အဖွဲ့လိုက် လာကြတဲ့သူတွေလည်း ဒီလိုဒီလို အများသား :O


အိုး ......... စောစောလာမိလို့ တော်ပါသေးရဲ့။ ပြန်အထွက်မှာ ပန်းခြံထဲဝင်ဖို့ကိုတန်းစီနေတဲ့လူတောင် နှစ်ရာကျော်သုံးရာလောက်ရှိမလားဘဲ။ ဘယ်အချိန်ကျမှဝင်ခွင့်ရမယ်မသိ :O

0 comments: