javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Tuesday, February 16, 2010

ဈေးဝယ်ထွက်ခြင်း

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၇ရက်)

မမနဲ့ တူတူ ပထမတရက်လျှောက်လည်ပြီးတဲ့နောက်မှာ ကင်မရာမရှိတာနဲ့ ညဘက် ညစာစားရင်းနဲ့ ကင်မရာသွားဝယ်ဖြစ်ခဲ့ပါတယ်။ ကံကောင်းလိုက်ပုံများ ၃၀% Discount တဲ့။ ကင်မရာပန်းရောင်လေး ၀ယ်လိုက်တယ်။ လှလိုက်တာ ချစ်စရာလေး။ ပုံတွေများရီး ရိုက်လို့ရပါပြီကွယ်။ မမက ကင်မရာဝယ်တဲ့နေရာ ကို လိုက်ပို့ပေးပြီးတော့ အလုပ်ကိစ္စရှိလို့ ညစာစားမှလာခေါ်မယ်တဲ့။ အခန်းပြန်နားချင်နားဆိုတာနဲ့ ကိုယ် တည်းနေတဲ့ ဟိုတယ်ကို ပြန်လာဖို့လုပ်တာ နယ်မြို့လေးမို့လားမသိ ၁၅ မိနစ်လောက် တက္ကစီစောင့်လိုက်ရတယ်။ ကိုယ်မှ မသွားတတ်တာ :( တကယ်တော့ လမ်းလျှောက်ရင်တောင် ၁၅ မိနစ်လောက်ပဲ ကြာတယ်တဲ့ :D တက္ကစီကလည်း ဈေးသက်သာလိုက်တာ။ တိုကျိုမှာ ကားပေါ်တက်တာနဲ့ ၁ကီလိုတွင်းကို ၇၁၀ ယန်း ပေးရတယ်။ အဲ့ဒီမှာ ၄၁၀ ပဲရှိတယ် :O တ၀က်နီးပါးပါပဲလား။ နိုဘိုးရိဘဲ့စွတ်က တက္ကစီ စီးဖူးသွားတာပေါ့ :P

0 comments: