javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Tuesday, February 16, 2010

NOboribetsu GokuDaNi

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၇ရက်)

ချစ်တဲ့မမတို့ အိမ်ကနေ သွားရင် တနာရီလောက် ကားမောင်းရတဲ့နေရာမှာပါ။ Marine Park ကနေ ထွက်လာပြီးတော့ ဒီဘက်ကို ဆက်လာလိုက်တာ။ အခုထိ ရှင်နေတဲ့ မီးတောင်မို့ ကမ္ဘာလှည့်ခရီးသည်တွေ လာတဲ့နေရာတခုပါပဲတဲ့။ ဟော့ကိုင်းဒိုးကိုလာကြတဲ့ ခရီးသွားဧည့်သည်မှန်သမျှဒီနေရာကို လာလေ့ရှိတယ်လို့ ဆိုပါတယ်။

တံတားလေးနဲ့ သွားရသလို တံတားဘေးမှာ အငွေ့တွေ တထောင်းထောင်း ထနေလောက်အောင်ကို တောင်က အသက်ဝင်နေတုန်းပါပဲ။ ဘေးကို မဆင်းရ အန္တရယ်ဆိုတဲ့စာသားတွေလည်း ကပ်ထားတာ နေရာအနှံ့ :O
ချစ်တဲ့မမနဲ့ တပုံမှ မရိုက်ရသေးလို့ အနားမှာရှိတဲ့ တရုတ်တယောက်ကို ပြောပြီးရိုက်ခိုင်းလိုက်တာ :D
ကိုယ်ကပင်ပန်းလို့ နေမကောင်းဖြစ်ချင်နေလို့ မမက ပြန်ပြုစုရတယ် :D
မီးငယ်တို့များအဲ့ဒီလို :( တနေကုန်ပင်ပန်းတာ တကြောင်း အဲ့ဒီနေရာမှာ ပူတာရော ရောပြီး မျက်လုံးတွေ ပြာလာတာနဲ့ ကားရပ်ပြီး အချိုရည် သွားဝယ်ပေးရှာတယ် ။ ချစ်တဲ့မမရေ။ ကျေးဇူး :)

မီးတောင်ရဲ့ ချော်ရည်ပူတွေ ထွက်နေတဲ့ တနေရာပါ။ ရေတွေက ရေနွေးတွေဖြစ်လို့ အငွေ့တွေ တထောင်းထောင်းနဲ့ပေါ့လေ။ ပွက်ပွက်ပွက်ပွက်နဲ့ မြင်နေရတာကို အသည်းယားစရာ :O

အဲ့ဒီတွင်းထဲကို ကွိုင်တွေ ပစ်မချဖို့သတိပေးထားတဲ့ စာတမ်းပါ။ ကမ္ဘာလှည့်ခရီးသွားတွေ အများအပြားလာတဲ့ နေရာမို့ ဘာသာစကား ပေါင်းစုံနဲ့ သတိပေးထားလေရဲ့ :D
ဒါပေမယ့် တွင်းထဲ ငုံ့ကြည့်လိုက်ပြန်တော့ အကြွေစေ့တွေမှ အများသားလား :D
လူဆိုတာကလည်း မလုပ်နဲ့လို့ တင်ထားရင် ပိုလုပ်ချင်ကြသလား မသိ :O
အဲ့ဒီက ဒေသခံကတော့ ပြောရှာပါတယ်။ နိုင်ငံခြားသားတွေက စည်းကမ်းမှမရှိတာတဲ့ :O ရှက်စရာ

ဒါကခုနက တံတားလေးပေါ်ကနေ ဘေးပတ်ဝန်းကျင်က မြေသားအနေအထားကို ရိုက်ယူထားခဲ့တာပါ။
မြေသားတွေက ဖွေးဖွေးဖြူနေသလို အောက်ကကျောက်တုံးကြီးတွေက မဲနေပြီး အငွေ့တွေကလည်း တထောင်းထောင်း၊ ပြုတ်ကျသေတဲ့လူတွေလည်း မနည်းမနောလို့ ပြောကြပါတယ် :(
မီးကင်သလို ဖြစ်သွားတာလားလို့တောင် ထင်မိသေးပါရဲ့ :P
အဲ့ဒီမီးတောင်နဲ့ သိပ်မကွာတဲ့နေရာမှာရှိတဲ့ Kuma Bokuchou ( ကူးမားဝက်ဝံ တွေ ရှိတဲ့နေရာ ) ပါ။
သီးသန့် ကေဘယ်လ်ကားနဲ့ သွားရမှာမို့ မသွားနိုင်တော့လို့ ၀မ်းနည်းနေတုန်း အခန့်သင့်ပဲ သေသွားတဲ့ ၀က်ဝံတကောင်ကို ရုပ်လုံးသွင်းပြီး သယ်လာတဲ့ကားနဲ့တွေ့လို့ အမှတ်တရ ရိုက်ယူခဲ့တယ် :D
ကိုင်ကြည့်သေးတယ် အသဲယားလိုက်တာ :D
မမက သွားလေရာ အရပ်ကို တွေ့တဲ့နေရာမှာ လာရပ်ဆိုပြီး လိုက်ရိုက်ပေးလို့ ပုံတွေက ကိုယ့်ပုံတွေချည်းပဲ ဖြစ်နေတယ် :D ဘာပဲဖြစ်ဖြစ် ကိုယ်သွားခဲ့တဲ့နေရာလေးတွေ အမှတ်တရပေါ့ :D
မီးတောင်က အပြန်လမ်းမှာ မီးငယ်တို့ ဘယ်လောက်ထိ ဆော့ခဲ့တယ်ဆိုတာ နောက်ပို့စ်မှ ဖတ်တော့နော် :D

0 comments: