javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Thursday, February 18, 2010

ချစ်တဲ့အိုကားစံနဲ့ အမှတ်တရ ညစာ

(၂၀၀၉ခုနှစ် အောက်တိုဘာလ ၁၈ရက် )

မျှော်လင့်စောင့်စားနေတဲ့ သိုးသားဟင်းစားဖို့ရန် အိုကားစံနေထိုင်ရာ အိမ်ကလေးဆီ ပြန်လည်ရောက်ရှိလာပါပြီ
အိမ်ကလေးက အရမ်းချစ်ဖို့ကောင်းသလို အရမ်းလည်းအေးချမ်းပါတယ်။ တိုကျိုမှာတော့ ဘယ်နေရာမှာမှ မရှိတဲ့ အိမ်ပုံစံလေးဖြစ်သလို နွေးထွေးမှုကလည်း အရမ်းကို ပျော်ရွှင်ခဲ့ရပြီး မမေ့နိုင်လောက်အောင်ပါပဲ။

အိုတိုးစံ အိုကားစံနဲ့ ချစ်တဲ့မမတို့နေထိုင်ရာ အိမ်ကလေး။ အဲ့ဒီဒေသမှာရှိတဲ့သူအားလုံး စိုက်ပျိုးရေးကို အဓိက ထားပြီးလုပ်ကိုင်ကြပါတယ်။ အပြန်မှာ မုန်လာဥ လက်ဆောင်ပေးလို့ သယ်လာတာ မုန်လာဥ တလုံး တလုံး မီးငယ်အရပ်လောက်ရှိတယ် အဟီး :D မြန်မာမှာ မရှိတဲ့ အရွယ်အစားပါပဲ။

အိုကားစံ သိုးသားကင်ဖို့ ပြင်ဆင်နေတဲ့ပုံပါ။ ဓာတ်ပုံအရိုက်မခံလို့ လှည့်ပတ်ပြီး ရိုက်ရပါသေးတယ် :P အိုတိုးစံကတော့ ည ၇နာရီဆို အိပ်ပြီမို့ ညစာ တူတူမစားခဲ့ရပါဘူး။

အငွေ့တထောင်းထောင်းနဲ့ သိုးသားကင်ပါ။ အရမ်းကို အရသာရှိပြီး စားလို့ကောင်းခဲ့ပါတယ်။ ဟော့ကိုင်းဒိုးမှာတော့ နာမည်ကြီးထဲမှာ သိုးသားဟင်းလည်းပါပါတယ်။

အချဉ်တွေပေါင်းစုံနဲ့ တမျိုးပြီးတမျိုးတော့ စပ်ပေးပြီး စားခိုင်းတာပါပဲ။ အကုန်လုံးက စားကောင်းနေတာမို့ သေချာတောင် မမှတ်နိုင်ဘူး :D

အိုကားစံရယ် ချစ်တဲ့မမရယ် ပြင်ဆင်နေကြတဲ့ပုံပါ။ အိုကားစံနောက်က ဆိုဖာမှာတော့ မီးငယ် နာရီဝက်လောက် အိပ်ပျော်သွားခဲ့တာ မှတ်မိပါသေးတယ် :D


ချစ်တဲ့အိုကားစံ ( မီးငယ် အိမ်က ဖွားဖွားနဲ့မှ ရွယ်တူပါ။ ) ဟော့ကိုင်းဒိုးမှာနေတာပေမယ့် အအေးသိပ်ကြောက်သလို လေးငါးထပ်ဝတ်ပြီးမှ ဟိတာ ထပ်ဖွင့်ပြီးနေတတ်တဲ့ အိုကားစံပါ။ မီးငယ်က အကျီင်္လက်တိုနဲ့ ချည်း တောက်လျှောက်နေလာခဲ့တာမို့ ပွစိပွစိနဲ့ ဆူလို့မပြီးနိုင်တော့ပါဘူး :P ချစ်တဲ့အိုကားစံ ကျန်းမာပျော်ရွှင်ပါစေ။ ပျော်ခဲ့ပါတယ် အိုကားစံရေ. အခွင့်ရှိရင် ထပ်လာခဲ့ပါဦးမယ်။ ဂျပန်ရောက်ထဲက အပျော်ရွှင်ရဆုံး နေရာကို ပြပါဆိုရင် ဟော့ကိုင်းဒိုး ဆပ်ပိုရို ဖြစ်သလို အချစ်ရဆုံးထဲမှာလည်း နိုဘိုးရိဘဲ့စွတ်က အိုကားစံတယောက် အပါအ၀င်ပါပဲ။

1 comments:

သက်တန့်ချို said...

မန့်လို့ ရပြီလားလာကြည့်ပါတယ် စားစရာတွေသွားရည်ယိုသွားပါကြောင်း...