javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Tuesday, March 9, 2010

မီးငယ်နဲ့ ဒစ်စနေလန်း ( ၂ )

မီးငယ်အနှစ်သက်ဆုံး SMALL WORLD

တကယ့်ကို ကမ္ဘာသေးသေးလေးထဲရောက်သွားသလိုပါပဲ။ အပင်ပန်းခံပြီး တန်းစီရတာတောင် နှစ်ခေါက်ပြန်ဝင် ဖြစ်ခဲ့ပါတယ် :D ပထမတခေါက်တုန်းက ဓာတ်ပုံတွေရိုက်ပြီး ဒုတိယတခေါက်မှာတော့ ဗွီဒီယို ပါ ရိုက်ခဲ့ပါတယ်။ မီးငယ်အနှစ်သက်ဆုံး နေရာမို့ မီးငယ်ရဲ့ အိမ်လေးကို လည်လည်လာတဲ့သူတွေလည်း တခါထဲ ရောက်သွားသလို ခံစားစေချင်လို့ပါ။ လှေကလေးစီးလို့ အထဲ မှာ ၁၅ မိနစ်တိတိ ကြာပါတယ်။
တကယ့်ကိုကမ္ဘာငယ်လေးထဲရောက်သွားတာပါပဲ။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေ၊ အကတွေ အားလုံးကို သရုပ်ဖော်ထားတာ။ အရုပ်ကလေးတွေက လည်း ချစ်ဖို့အရမ်းကောင်းနေတော့ မီးငယ် တို့ မျက်တောင်တောင် မခတ်နိုင်ပါဘူး.။ အထဲမှာ ကြားနေရတဲ့ တီးလုံးလေးတွေကလည်း အရုပ်လေးတွေနဲ့ တူတူ ကိုယ်ပါ လွင့်မျောလို့ ကနေရသလိုလို။ ပျော်လိုက်တာကွယ်။ တကယ့်ကို ငြိမ်းချမ်းတယ်။ တီးလုံးလေးတွေကိုပါ နားထောင်စေချင်လွန်းလို့ ဗွီဒီယိုပြန် ရိုက်ခဲ့တာ. နောက်ပို့စ်မှာ ကြည့်နော်။ ဒစ်စနေလန်းရဲ့ အနှစ်သက်ဆုံးနေရာပါပဲ။

2 comments:

sosegado said...

တော်တော်ပျော်နေတဲ့ပုံပဲ Mickey Mouse အိမ်ရောဝင်သေလား၊ ရောက်မှတော့ ဈေးကြီးပါစေ တစ်ခုခုတော့ ဝယ်ပေါ့

နေ့အိပ်မက် said...

မမ ဓာတ်ပုံရိုက်တာ မိုက်တယ်...