javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Friday, March 26, 2010

ကမာကုရသို့တခေါက်

မမ၀ါဝါ တို့မိသားစုနဲ့တူတူ မထင်မှတ်ဘဲ ဘုရားတခေါက်ရောက်ဖို့ ဖြစ်လာပြန်ပါတယ်။ ပြန်ခါနီးမို့ မအားတဲ့ မမတို့ မိသားစုကို ဂျီတိုက်လို့ တွေ့ဖို့ပူဆာရာကနေ ကမာကုရ ဘုရားသွားမယ်ဆိုတာနဲ့ မီးငယ်လည်း လိုက်ဖြစ်သွားပါတယ်။ ပျော်ရွှင်ခဲ့တဲ့ ခရီးလေးတခုဖြစ်တာမို့ မမ၀ါဝါရယ်၊ ဦးဥာဏ်ရယ်၊ ခိုင်လေးရယ်ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကပဲ ပြောပါရစေ။ မမတို့နဲ့ နောက်တခေါက် ထပ်သွားနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ပြန်လာနိုင်ဖို့ကိုလည်း မီးငယ်ဆုတောင်းပေးပါတယ် မမနဲ့ ဦးဥာဏ် :)



မီးငယ်နေတဲ့နေရာကနေ ၄၅ မိနစ်ရထားစီးရတဲ့တိုကျိုဘိုတာမှာ မမ၀ါဝါတို့မိသားစုနဲ့ချိန်းပြီးတော့ နောက်ထပ်ရထားတဆင့် စီးရပြန်ပါတယ်။ ရထားပေါ်က ဆင်းတဲ့အခါတော့ ကမာကုရကို သွားတဲ့ ဘတ်စ်ကား စီးရပါတယ်။ မီးငယ် ပထမတခေါက်သွားတုန်းက ဘတ်စ်ကားမစီးဖူးခဲ့တာမို့ ဒီတခေါက်တော့ ပျော်ခဲ့ပါတယ်။ တိုကျိုမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ယိုကိုဟားမားမှာ ရှိတဲ့ ဘုရားဖြစ်တာမို့ ကျေးလက်စရိုက်လေးတွေ လွှမ်းနေတဲ့ ဒေသခံတွေကို မြင်ရတာ စိတ်လက်ပေါ့ပါးမှုကို ခံစားရပြန်ပါတယ်။
အပေါ်ကပုံလေးကတော့ ဘတ်စ်ကားထဲမှာ ရိုက်ထားတာပါ။ ဘိုးဘိုးဘွားဘွားတွေကို မြင်ရတာမို့ သူတို့ရဲ့ ချစ်စရာကောင်းပုံလေးတွေကို ကြည့်ရင်း မပြုံးဘဲမနေနိုင်အောင်ပါပဲ။

မမ၀ါဝါ ရဲ့သမီးလေး ခိုင်လေးပါ။ သွက်လက်ချက်ချာတဲ့ ကလေးလေးဖြစ်သလို ကလေးချစ်တတ်တဲ့ မီးငယ်နဲ့ တော့ ချက်ချင်းကို အဖွဲ့ကျသွားတာပါပဲ။ အဲ့ဒီပုံလေးမှာတော့ အားလုံးပဲ လက်ဆေးနေကြတာ တွေ့ရမှာပါ။ ဘုရား ပရ၀ဏ်ထဲကို ရောက်ပြီဆိုတာနဲ့ လက်နှစ်ဖက်လုံးကို စင်ကြယ်အောင် ဆေးကြရပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တခုဆိုလည်း မမှားပါဘူး။

သပ္ပာယ်လှတဲ့ ကမ္ဘာကျော် ရုပ်ပွားတော်မြတ်တဆူဖြစ်တဲ့ ကမာကုရဗုဒ္ဓရုပ်ပွားတော်မြတ်ပါ။ လူတော်တော်များများဟာ ဂျပန်လို့ ပြောလိုက်တာနဲ့ ကမာကုရနဲ့ တွဲပြီးသိလေ့ရှိကြပါတယ်။ ရုပ်ပွားတော်မြတ် ကို အိမ်မှာ ကိုးကွယ်ပူဇော်ဖို့ လက်ဆောင်အဖြစ်ရရှိရင်လည်း ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။
မီးငယ် မြန်မာနိုင်ငံမှာ ရှိစဉ်ထဲက လက်ဆောင်ရခဲ့ဖူးပါတယ်။ နောက်ထပ်ယုံကြည်မှု တခုက ကမာကုရ ဆင်းတုတော်ကို လက်ဆောင်အဖြစ် ရတဲ့ မိသားစုက တယောက်ယောက်ဟာ ဂျပန်ကို ကိုယ်တိုင်သွားပြီး ကမာကုရဘုရားကို ဖူးခွင့်ရတယ် ဆိုတဲ့အယူပါပဲ။ မီးငယ်ရဲ့ မြန်မာမှာရှိတဲ့ မေမေ့မိတ်ဆွေ မိသားစုတွေထဲမှာလည်း အဲ့လိုပဲ ကြုံတွေ့ခဲ့ကြရတာမို့ တိုက်ဆိုင်မှုဆိုရင်တောင် ယုံကြည်နိုင်လောက်တဲ့ အနေအထားပါပဲ။

ဦးဥာဏ်၊ မမ၀ါဝါ၊ နဲ့ ခိုင် တို့မိသားစု အမှတ်တရ

မီးငယ် မမ၀ါဝါ နဲ့ သမီးလေးခိုင် အမှတ်တရ

အရမ်းကို ပျော်ခဲ့ရတဲ့ အမှတ်တရနေ့လေးပါ။ ပြည်တော်ပြန်ခါနီး အလုပ်တွေ မအားလပ်တဲ့ကြားက တကူးတက တွေ့ပေးခဲ့တဲ့ မမတို့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတဲ မမတို့မိသားစုကို အားကျလေးစားစွာနဲ့ ဒီပို့စ်လေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။
မမတို့ မိသားစု အမြဲထာဝရ ငြိမ်းချမ်းပါစေ။

ချစ်ခင်လျှက်

မီးငယ်







5 comments:

Unknown said...

ညီမလေး မီးငယ်

မမ၀ါတို့ မိသားစု ပို့စ်လေးကို အမှတ်တရ တင်ပေးတဲ့အတွက် မမ၀ါ ကိုယ်စား မမထားက ကျေးဇူးအထူးတင်ပါတယ်လို့ ပြောရပါစေနော်။

ခင်တဲ့

ထား

မိုးခါး said...

ဘုရားကြီးကို ဖူးသွားပါတယ် ..
မမ၀ါတို့ကိုလည်း အလွမ်းပြေ ကြည့်သွားပါတယ် ..း)

မီးငယ်လေး said...

လည်လည်လာကြတာ ကျေးဇူးပါရှင် :)

ဏီလင်းညို said...

ဘုရားဖူးသွားတယ်.... ညီမလေး....။
ခင်မင်တဲ့
ဏီလင်းညို

ရွှေနတ်သား said...

နောက်တစ်ခေါက်လာပြန်ဖတ်သွားတယ်
မီးငယ် ပိုစ့် ကိုဖတ်ပြီးမှတိုက်တိုက်ဆိုင်ဆိုင်
အဲဒီကိုေ၇ာက်သွားလို့ 