javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Tuesday, March 9, 2010

မီးငယ်နဲ့ ဒစ်စနေလန်း ( ၁ )

ဂျပန်စရောက်ထဲက သွားချင်လိုက်တဲ့ DISNEY LAND :P ဈေးကကြီးတာတကြောင်း၊ သွားရမယ့် သူငယ်ချင်း အဖော် မရှိတာတကြောင်းနဲ့ ရောက်ကိုမရောက်ခဲ့ပါဘူး။ မီးငယ်က သွားသာသွားချင်တာ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်က Roller Coaster တောင် မစီးရဲမှတော့ ( အဟင့် ) Disney Land မှာ ဓာတ်ပုံရိုက် လို့ပဲ ရမယ်လေ။ ဘာကိုစီးရဲမှာတုန်း။ အဲ့ဒီတော့ တယောက်ထဲသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ဘူးပေါ့။ ဒီတပတ်တော့ ရုံးက စီနီယာ အကိုက လိုက်ပို့မယ်ပြောတာနဲ့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူငယ်ချင်း အမ တယောက်ရယ်၊ စီနီယာအကိုရယ်၊ မီးငယ်ရယ် ၃ ယောက်ပေါ့လေ။ သွားပါမယ်ဆိုနေမှ မိုးတနေကုန် ရွာမယ်တဲ့ :O စိတ်ညစ် လိုက်တာ ပြောမနေနဲ့ :( ဘယ်လိုလုပ်သွားမလဲပေါ့။ စီနီယာအကိုကို ပြောတော့ မိုးရွာတော့ လူနည်းနည်း ပါးမယ် ထင်တယ်တဲ့ ၊ ဘာဖြစ်ဖြစ် သွားရအောင် ဆိုတာနဲ့ မနက်၆နာရီ အိမ်က ထွက်လို့ သွားခဲ့ရပြီပေါ့။ ဒါတောင် မီးငယ်တို့ အိပ်ရာထ ရေချိုးနေတာ နည်းနည်းကြာသွားတာနဲ့ စီနီယာ အကိုက ဘူတာမှာ ငုတ်တုတ် လေး .. ဟိ ဟိ .. စိတ်တော်တော်ရှည်တဲ့ အကိုတယောက်ပါပဲ။ရထား နှစ်ဆင့်စီးလို့ရောက်ခဲ့ရပြီပေါ့ ဒစ်စနေလန်း ရေ .... မိုးတွေရွာနေလို့ စိတ်မကြည်ဘဲ မသွားချင်ခဲ့တာတောင် အရုပ်ချစ်တဲ့ မီးငယ် ဒစ်စနေလန်း မြင်တာနဲ့ လူပါ လန်းသွားတယ် :D

မိုးတွေရွာနေလို့ လူနည်းမယ်ထင်ခဲ့တာ .. ဘယ်နည်းလိမ့်မလဲ ။။ ထီးလေးတွေ ဆောင်း မိုးကာလေးတွေ ၀တ်လို့ တန်းစီနေတဲ့လူတွေ အများသားလား။ နည်းနည်းနောနောလူအုပ်မဟုတ်ဘူး :( သေပြီ မိုးရွာထဲတော့ ခြေထောက်ကိုက်အောင် တန်းစီရတော့မယ်။ ကိုယ်က ဘာမှ မစီးနိုင်လို့ ကိစ္စမရှိပေမယ့် အတူသွားတဲ့ နှစ်ယောက်က စီးချင်တာမို့ မီးငယ်တို့ စောင့်ပေရော့ပေါ့။ ၀င်ကြေးက တယောက်ကို ၅၈၀၀ ယန်း ကျသင့်တာမို့ မြန်မာငွေနဲ့ ၆သောင်းခွဲလောက်ရှိပါတယ်။ စီနီယာအကိုက သူပေးမယ်တဲ့ :D ဟဲ မီးငယ် တို့ အကုန်အကျသက်သာသွားလေရဲ့။ ကျေးဇူးတင်ပါတယ်။ ၅၈၀၀ ပေးပြီးတာနဲ့ အထဲမှာ ကြိုက်တာကို စီးလို့ရပါတယ်။ ၁၀ မိနစ်လောက် စီးဖို့အရေး ၂ နာရီလောက် တန်းစီရတာတခုပါပဲ :) မုန့်ကတော့ ကိုယ်စား ချင်တာ ကိုယ်ဝယ်စားပေါ့။

ဝင်ဝင်ချင်းပဲ ဘိုးဘိုးရုပ်ကြီး ပြေးဖက်တာမို့ တွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒီလို ပုံတွေ အများကြီးလိုချင်တာ။ အခုတော့ မိုးရွာလို့တဲ့ကျန်တဲ့အရုပ်တွေ မထွက်ကြဘူး :( မစ်ကီဆို သိပ်တောင်မတွေ့ခဲ့ရဘူး ။ တတ်နိုင်ဘူးကွယ်။ ရတာနဲ့ပဲ ရိုက်တော့မယ် ဟိဟိ ။
အထဲမှာ ရှိသမျှ အဆောက်အဦးတွေ အားလုံးက တကယ့်ကို ဒစ်စနေကာတွန်းကားထဲရောက်သွားသလို ချစ်စရာလေးတွေကြီးပါပဲ။ မိုးဖွဲဖွဲလေး ကျနေသေးပေမယ့် ဘယ်သူမှ ထီးမဆောင်းကြတော့ပါဘူး။
မီးငယ်တို့ လည်း ထီးမဆောင်းတော့ပါဘူး။ သိပ်လည်းမချမ်းတော့တာလည်း ပါတာပေါ့လေ။
၃ ဒီဂရီလောက်ဆိုတော့ ဆော့နေတာနဲ့ပဲ သိပ်မချမ်းတော့ပါဘူး။



လက်နဲ့ကိုယ်တိုင်လှော်ရတဲ့ လှေပါ။ ၀န်ထမ်းနှစ်ယောက်က ရှေ့တယောက် နောက်တယောက်နေလို့ လှော်ပုံ လှော်နည်းတွေ သင်ပေးပါတယ်။ မီးငယ်တို့လည်း လှော်ဖို့တန်းစီနေတုန်း ရိုက်ယူထားခဲ့တာပါ။ သူများတွေ လှော်တုန်းက တိတ်နေတဲ့မိုး၊ မီးငယ်တို့လည်း လှေပေါ်ရောက်ရော မိုးတွေရွာချတာမို့ အအေးမိတော့တာပါပဲ :(

လှည်းလေးချစ်စရာလေးနော်။ ( အထဲကလူမပါဘူး :D ) ဒစ်စနေလန်းထဲမှာ စီးစရာ ၁၀ မိနစ်လောက်ကို စီးဖို့အတွက် ၂နာရီခွဲလောက် စောင့်ရတယ်။ အဲ့ဒါနဲ့ပဲ ကြိုပြီး ယူထားရတဲ့ လက်မှတ် ( FAST PASS TICKET ) သွားယူထားရတာပေါ့နော်။ အဲ့ဒါကလည်း တခါယူရင် တစောင်ပဲရသလို နှစ်နာရီနေမှ နောက်တစောင် ထုတ်ပေးပါတယ်။ မီးငယ်တို့ ယူလိုက်တဲ့ လက်မှတ်က မနက် ၈ နာရီမှာ တန်းစီတာတောင် ညနေ ၆နာရီ ၂၀ မိနစ်တိတိမှာ ၀င်ရင် ချက်ချင်းစီးရမယ်တဲ့ :O အဲ့ထက်ပိုပြီးစောစောတော့ မရဘူးတဲ့ကွယ် . . တတ်နိုင်ဘူး .. ယူထားလိုက်တယ် ... ကျန်တာတွေကတော့ ဒီလိုပဲ သွားရင်းနဲ့ တွေ့တဲ့နေရာ စီးမယ်တဲ့ လူချောင်တော့လည်း တန်းစီတာပေါ့ဆိုတာနဲ့ မီးငယ်ကတော့ အစထဲက မစီးနိုင်တဲ့လူဆိုတော့ သူတို့ပြောတာပဲ ခေါင်းညိတ်ပေါ့ :P



ဒါကတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တခုပါ။ ဆိုင်တခုလုံးကို ဖန်တွေ ကြွေတွေနဲ့ တည်ဆောက်ထားပြီး စနိုးဝှိုက်မင်းသမီးလေးရဲ့ အကြောင်းကို အစအဆုံးပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။




အထဲမှာရှိတဲ့ လက်ဆောင်ပစ္စည်းလေးတွေပါ။ ၀ယ်မလို့ကြည့်လိုက်တာ အနည်းဆုံးတောင် ယန်း၁၄၇၀၀ တဲ့ အဟင့် .. ဘယ်ဝယ်နိုင်မှာလဲ .. အရုပ်လေးတွေက ပိစိလေးတွေကို ဈေးကလည်း ကြီးပါ့ :(
အကုန်လုံးကို လက်ဆောင်ပေးမို့ဟာ မ၀ယ်နိုင်လို့ ပုံလေးတင်ပြီး လက်ဆောင်ပေးလိုက်တယ် ။
ကြိုက်သလောက် ယူကြတော့နော် ဟီးးးး :D

တကယ့်လူတွေကို မိတ်ကပ်လိမ်းပေးထားတယ် ထင်ပြီး မီးငယ် ထအော်လို့ ၀ိုင်းရီကြသေးတယ် ဟိဟိ ရှက်လိုက်တာ ။။ စက်ရုပ်တွေတဲ့ .. အရုပ်မဟုတ်ဘူး... လူတွေ တကယ်လှုပ်ရှားနေသလို သက်ဝင်လှုပ်ရှားနေကြတော့ မီးငယ်လည်း လူတွေ ထင်တာပေါ့။။
တခြား အရုပ်တွေလည်း လူတွေ ၀င်ပြီး
နေနေကြတာဆိုတော့လေ :(မီးငယ် ဒစ်စနေလန်းထဲမှာ စီးခဲ့တဲ့ ကစားနည်းတွေနဲ့ နောက်ပြီးတော့
မီးငယ်အနှစ်သက်ဆုံးနေရာတွေကို သီးသန့် ပို့စ်တခုတင်မှာမို့ ဖတ်ပေးကြဦးနော် :)