javascript:void(0)
မီးငယ်ရဲ့ ငြိမ်းချမ်းတဲ့နားခိုရာ အိမ်ကလေးကို လာရောက်လည်ပတ်သူ သူငယ်ချင်းများအားလုံး ငြိမ်းချမ်းကြပါစေ .... အားလုံးပဲ ပျော်ရွှင်ချမ်းမြေ့ကြပါစေ ...

Monday, August 16, 2010

လည်လည်ထွက်ပြန်ပြီဗျို့ ...

မီးငယ် လည်လည်မထွက်ဖြစ်တာကြာပေါ့ ... မသွားဖြစ်တာကြာလို့ အညှိုးနဲ့ ထွက်ရသလား အောင့်မေ့ပါတယ် ..
ပြီးခဲ့တဲ့လက တလထဲတင် အိမ်မှာနေတယ်လို့ကို မရှိလောက်အောင် လျှောက်သွားဖြစ်ခဲ့ရတယ် .. ဖြစ်ချင်တော့ မြန်မာက ၀န်ထမ်းတွေ ပရောဂျက်နဲ့ ၃လစီလာရတယ် .. သူတို့ကို စုံအောင်လိုက်ပို့မယ် ကြံစည်ပြီးလိုက်ပို့တုန်း .. ဟော . ရောက်လာပြန်ပြီ ..နောက်တသုတ် :D ... ကဲ .. ရှိစေတော့ နောက်ထပ်တော့ လာလောက်သေးဘူးလေ .. ငါလည်း ကုသိုလ်ရတယ်ပေါ့ ... သွားမယ် ကြံစည်ပြီး သွားလို့ ရက်တောင်မကျော်သေးဘူး .. အမေရိကက ချစ်သော သူငယ်ချင်းလေးတွေ ရောက်လာလေရဲ့ .. သေပြီဆရာ .. ဂိ ... လိုက်ပို့ရပြန်ပြီပေါ့ .. ကိုယ်ကလည်း ခြေထောက်မှာဗွေပါတယ်လေ .. ဟိ .. တလထဲကို ကမာကုရ သုံးခေါက် . ပင်လယ်နှစ်ခေါက် .. အိုဒိုင်းဗား .. အဆကုဆ .. အုအဲနိုး .. အခိဟဘရ ... TUFL ... အဲ့ .. ကုန်သေးဘူး .. သေပြီဆရာ .. ငါတော်တော် သွားနိုင်ပါလားပေါ့ ... အဟဲ .. ကိုယ့်ခြေထောက်သွားနိုင်တာက အရေးမကြီး ... အရေးကြီးတာက ပိုက်ပိုက် .. :D သုံးစရာ မရှိတော့လောက်အောင် ပြတ်သွားတယ် .. မီးငယ်တို့ .. ဟိဟိ ကြားကောင်းသေးရဲ့လား အရပ်ကတို့ပေါ့ .. ကဲ .. ထူးတော့ပါဘူး .. ညည်းတော့ဘူး .. ဘယ်လောက်ကဲ ထားသလဲ သူငယ်ချင်း အကိုအမ .. မောင်ညီမလေးတို့ရေ.. ကြည့်သာ ကြည့်ကြပေတော့ :D

Friday, March 26, 2010

ကမာကုရသို့တခေါက်

မမ၀ါဝါ တို့မိသားစုနဲ့တူတူ မထင်မှတ်ဘဲ ဘုရားတခေါက်ရောက်ဖို့ ဖြစ်လာပြန်ပါတယ်။ ပြန်ခါနီးမို့ မအားတဲ့ မမတို့ မိသားစုကို ဂျီတိုက်လို့ တွေ့ဖို့ပူဆာရာကနေ ကမာကုရ ဘုရားသွားမယ်ဆိုတာနဲ့ မီးငယ်လည်း လိုက်ဖြစ်သွားပါတယ်။ ပျော်ရွှင်ခဲ့တဲ့ ခရီးလေးတခုဖြစ်တာမို့ မမ၀ါဝါရယ်၊ ဦးဥာဏ်ရယ်၊ ခိုင်လေးရယ်ကို ကျေးဇူးတင်ပါတယ်လို့ ဒီနေရာကပဲ ပြောပါရစေ။ မမတို့နဲ့ နောက်တခေါက် ထပ်သွားနိုင်ဦးမယ်လို့ မျှော်လင့်ပါတယ်။ ပြန်လာနိုင်ဖို့ကိုလည်း မီးငယ်ဆုတောင်းပေးပါတယ် မမနဲ့ ဦးဥာဏ် :)



မီးငယ်နေတဲ့နေရာကနေ ၄၅ မိနစ်ရထားစီးရတဲ့တိုကျိုဘိုတာမှာ မမ၀ါဝါတို့မိသားစုနဲ့ချိန်းပြီးတော့ နောက်ထပ်ရထားတဆင့် စီးရပြန်ပါတယ်။ ရထားပေါ်က ဆင်းတဲ့အခါတော့ ကမာကုရကို သွားတဲ့ ဘတ်စ်ကား စီးရပါတယ်။ မီးငယ် ပထမတခေါက်သွားတုန်းက ဘတ်စ်ကားမစီးဖူးခဲ့တာမို့ ဒီတခေါက်တော့ ပျော်ခဲ့ပါတယ်။ တိုကျိုမြို့ရဲ့ တောင်ဘက်မှာရှိတဲ့ ယိုကိုဟားမားမှာ ရှိတဲ့ ဘုရားဖြစ်တာမို့ ကျေးလက်စရိုက်လေးတွေ လွှမ်းနေတဲ့ ဒေသခံတွေကို မြင်ရတာ စိတ်လက်ပေါ့ပါးမှုကို ခံစားရပြန်ပါတယ်။
အပေါ်ကပုံလေးကတော့ ဘတ်စ်ကားထဲမှာ ရိုက်ထားတာပါ။ ဘိုးဘိုးဘွားဘွားတွေကို မြင်ရတာမို့ သူတို့ရဲ့ ချစ်စရာကောင်းပုံလေးတွေကို ကြည့်ရင်း မပြုံးဘဲမနေနိုင်အောင်ပါပဲ။

မမ၀ါဝါ ရဲ့သမီးလေး ခိုင်လေးပါ။ သွက်လက်ချက်ချာတဲ့ ကလေးလေးဖြစ်သလို ကလေးချစ်တတ်တဲ့ မီးငယ်နဲ့ တော့ ချက်ချင်းကို အဖွဲ့ကျသွားတာပါပဲ။ အဲ့ဒီပုံလေးမှာတော့ အားလုံးပဲ လက်ဆေးနေကြတာ တွေ့ရမှာပါ။ ဘုရား ပရ၀ဏ်ထဲကို ရောက်ပြီဆိုတာနဲ့ လက်နှစ်ဖက်လုံးကို စင်ကြယ်အောင် ဆေးကြရပါတယ်။ ဂျပန်လူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ဓလေ့တခုဆိုလည်း မမှားပါဘူး။

သပ္ပာယ်လှတဲ့ ကမ္ဘာကျော် ရုပ်ပွားတော်မြတ်တဆူဖြစ်တဲ့ ကမာကုရဗုဒ္ဓရုပ်ပွားတော်မြတ်ပါ။ လူတော်တော်များများဟာ ဂျပန်လို့ ပြောလိုက်တာနဲ့ ကမာကုရနဲ့ တွဲပြီးသိလေ့ရှိကြပါတယ်။ ရုပ်ပွားတော်မြတ် ကို အိမ်မှာ ကိုးကွယ်ပူဇော်ဖို့ လက်ဆောင်အဖြစ်ရရှိရင်လည်း ကံကောင်းတယ်လို့ ယုံကြည်ကြပါတယ်။
မီးငယ် မြန်မာနိုင်ငံမှာ ရှိစဉ်ထဲက လက်ဆောင်ရခဲ့ဖူးပါတယ်။ နောက်ထပ်ယုံကြည်မှု တခုက ကမာကုရ ဆင်းတုတော်ကို လက်ဆောင်အဖြစ် ရတဲ့ မိသားစုက တယောက်ယောက်ဟာ ဂျပန်ကို ကိုယ်တိုင်သွားပြီး ကမာကုရဘုရားကို ဖူးခွင့်ရတယ် ဆိုတဲ့အယူပါပဲ။ မီးငယ်ရဲ့ မြန်မာမှာရှိတဲ့ မေမေ့မိတ်ဆွေ မိသားစုတွေထဲမှာလည်း အဲ့လိုပဲ ကြုံတွေ့ခဲ့ကြရတာမို့ တိုက်ဆိုင်မှုဆိုရင်တောင် ယုံကြည်နိုင်လောက်တဲ့ အနေအထားပါပဲ။

ဦးဥာဏ်၊ မမ၀ါဝါ၊ နဲ့ ခိုင် တို့မိသားစု အမှတ်တရ

မီးငယ် မမ၀ါဝါ နဲ့ သမီးလေးခိုင် အမှတ်တရ

အရမ်းကို ပျော်ခဲ့ရတဲ့ အမှတ်တရနေ့လေးပါ။ ပြည်တော်ပြန်ခါနီး အလုပ်တွေ မအားလပ်တဲ့ကြားက တကူးတက တွေ့ပေးခဲ့တဲ့ မမတို့ မိသားစုကိုလည်း ကျေးဇူးတင်ပါတယ်။ နွေးထွေးတဲ့ မေတ္တာတရားတွေနဲ့ လွှမ်းခြုံထားတဲ မမတို့မိသားစုကို အားကျလေးစားစွာနဲ့ ဒီပို့စ်လေးကို အမှတ်တရ တင်ပေးလိုက်ပါတယ်။
မမတို့ မိသားစု အမြဲထာဝရ ငြိမ်းချမ်းပါစေ။

ချစ်ခင်လျှက်

မီးငယ်







Wednesday, March 24, 2010

မီးငယ်နဲ့ဒစ်စနေလန်း(၅)

Pirate of Disney Land



မနက်၈နာရီ Disney Land စဖွင့်တဲ့အချိန်ကနေ ည ၁၀နာရီ ပိတ်တဲ့အချိန်ထိ မီးငယ်တို့စောင့်ပြီး ဆော့ခဲ့တာမို့ တနေကုန်ပျော်ခဲ့ရတဲ့ နေ့တနေ့ပါပဲ။ မိုးတွေရွာနေတဲ့ကြားထဲကကို အအေးမိခံပြီး မီးငယ်တို့ ဆော့ခဲ့တာ အဟီး
ကဲတာလေ :D ညနေစောင်းလောက်မှာမိုးတိတ်တာမို့ ကံကောင်းထောက်မစွာပဲ မီးငယ် Pirates ကို ကြည့်ခွင့် ရခဲ့ပါတယ်။ Disney Land ရဲ့ အကျော်ကြားဆုံး ဖျော်ဖြေမှုတခုပါပဲ.။ တနေကုန် မလည်ဘဲနဲ့ ညကျမှ လာတဲ့သူတွေတောင် ရှိပါတယ်။ မီးငယ်လည်း မျက်တောင်ကို မခတ်နိုင်အောင်ကို ငေးကြည့်ခဲ့ရပါတယ် :)

မီးငယ်နဲ့ဒစ်စနေလန်း(၄)

SMALL WORLD အ၀င်ဝ



ကမ္ဘာလေးထဲကိုမ၀င်ခင် တန်းစီနေတုန်း ၁၅မိနစ်တခါ နာရီလေးထွက်လာတာကို အရုပ်လေးတွေ ထွက်ကတဲ့ ပုံလေးပါ။ အရမ်းချစ်ဖို့ကောင်းလွန်းလို့ ရိုက်လာတာ . :D

Wednesday, March 10, 2010

မီးငယ်နဲ့ဒစ်စနေလန်း(၃)

Small world

မီးငယ် အနှစ်သက်ဆုံး ကမ္ဘာလေးပါ။ တကယ့်ကို တီးလုံးသံလေးနဲ့ လွင့်မြောနေခဲ့ရတဲ့ နေရာလေးမို့ အားလုံးလည်း ထပ်တူခံစားရအောင် တင်ပေးလိုက်ပါတယ်။ ဘယ်လိုမှ တင်မရလို့ ကြာနေတာပါ ။ အခုတော့ youtube မှာ upload လုပ်ပြီး တင်လိုက်တယ်။ အဆင်ပြေပါ့မလားမသိ ။ မီးငယ်နဲ့ တူတူ ပျော်ရွှင်စွာ ခံစားနိုင်ကြပါစေနော် :)

Tuesday, March 9, 2010

မီးငယ်နဲ့ ဒစ်စနေလန်း ( ၂ )

မီးငယ်အနှစ်သက်ဆုံး SMALL WORLD

တကယ့်ကို ကမ္ဘာသေးသေးလေးထဲရောက်သွားသလိုပါပဲ။ အပင်ပန်းခံပြီး တန်းစီရတာတောင် နှစ်ခေါက်ပြန်ဝင် ဖြစ်ခဲ့ပါတယ် :D ပထမတခေါက်တုန်းက ဓာတ်ပုံတွေရိုက်ပြီး ဒုတိယတခေါက်မှာတော့ ဗွီဒီယို ပါ ရိုက်ခဲ့ပါတယ်။ မီးငယ်အနှစ်သက်ဆုံး နေရာမို့ မီးငယ်ရဲ့ အိမ်လေးကို လည်လည်လာတဲ့သူတွေလည်း တခါထဲ ရောက်သွားသလို ခံစားစေချင်လို့ပါ။ လှေကလေးစီးလို့ အထဲ မှာ ၁၅ မိနစ်တိတိ ကြာပါတယ်။
တကယ့်ကိုကမ္ဘာငယ်လေးထဲရောက်သွားတာပါပဲ။ ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူမျိုးတွေရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ တွေ၊ အကတွေ အားလုံးကို သရုပ်ဖော်ထားတာ။ အရုပ်ကလေးတွေက လည်း ချစ်ဖို့အရမ်းကောင်းနေတော့ မီးငယ် တို့ မျက်တောင်တောင် မခတ်နိုင်ပါဘူး.။ အထဲမှာ ကြားနေရတဲ့ တီးလုံးလေးတွေကလည်း အရုပ်လေးတွေနဲ့ တူတူ ကိုယ်ပါ လွင့်မျောလို့ ကနေရသလိုလို။ ပျော်လိုက်တာကွယ်။ တကယ့်ကို ငြိမ်းချမ်းတယ်။ တီးလုံးလေးတွေကိုပါ နားထောင်စေချင်လွန်းလို့ ဗွီဒီယိုပြန် ရိုက်ခဲ့တာ. နောက်ပို့စ်မှာ ကြည့်နော်။ ဒစ်စနေလန်းရဲ့ အနှစ်သက်ဆုံးနေရာပါပဲ။

မီးငယ်နဲ့ ဒစ်စနေလန်း ( ၁ )

ဂျပန်စရောက်ထဲက သွားချင်လိုက်တဲ့ DISNEY LAND :P ဈေးကကြီးတာတကြောင်း၊ သွားရမယ့် သူငယ်ချင်း အဖော် မရှိတာတကြောင်းနဲ့ ရောက်ကိုမရောက်ခဲ့ပါဘူး။ မီးငယ်က သွားသာသွားချင်တာ ရန်ကုန် တိရစ္ဆာန် ဥယျာဉ်က Roller Coaster တောင် မစီးရဲမှတော့ ( အဟင့် ) Disney Land မှာ ဓာတ်ပုံရိုက် လို့ပဲ ရမယ်လေ။ ဘာကိုစီးရဲမှာတုန်း။ အဲ့ဒီတော့ တယောက်ထဲသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်ခဲ့ဘူးပေါ့။ ဒီတပတ်တော့ ရုံးက စီနီယာ အကိုက လိုက်ပို့မယ်ပြောတာနဲ့ သွားဖို့စီစဉ်လိုက်ကြပါတယ်။ သူငယ်ချင်း အမ တယောက်ရယ်၊ စီနီယာအကိုရယ်၊ မီးငယ်ရယ် ၃ ယောက်ပေါ့လေ။ သွားပါမယ်ဆိုနေမှ မိုးတနေကုန် ရွာမယ်တဲ့ :O စိတ်ညစ် လိုက်တာ ပြောမနေနဲ့ :( ဘယ်လိုလုပ်သွားမလဲပေါ့။ စီနီယာအကိုကို ပြောတော့ မိုးရွာတော့ လူနည်းနည်း ပါးမယ် ထင်တယ်တဲ့ ၊ ဘာဖြစ်ဖြစ် သွားရအောင် ဆိုတာနဲ့ မနက်၆နာရီ အိမ်က ထွက်လို့ သွားခဲ့ရပြီပေါ့။ ဒါတောင် မီးငယ်တို့ အိပ်ရာထ ရေချိုးနေတာ နည်းနည်းကြာသွားတာနဲ့ စီနီယာ အကိုက ဘူတာမှာ ငုတ်တုတ် လေး .. ဟိ ဟိ .. စိတ်တော်တော်ရှည်တဲ့ အကိုတယောက်ပါပဲ။ရထား နှစ်ဆင့်စီးလို့ရောက်ခဲ့ရပြီပေါ့ ဒစ်စနေလန်း ရေ .... မိုးတွေရွာနေလို့ စိတ်မကြည်ဘဲ မသွားချင်ခဲ့တာတောင် အရုပ်ချစ်တဲ့ မီးငယ် ဒစ်စနေလန်း မြင်တာနဲ့ လူပါ လန်းသွားတယ် :D

မိုးတွေရွာနေလို့ လူနည်းမယ်ထင်ခဲ့တာ .. ဘယ်နည်းလိမ့်မလဲ ။။ ထီးလေးတွေ ဆောင်း မိုးကာလေးတွေ ၀တ်လို့ တန်းစီနေတဲ့လူတွေ အများသားလား။ နည်းနည်းနောနောလူအုပ်မဟုတ်ဘူး :( သေပြီ မိုးရွာထဲတော့ ခြေထောက်ကိုက်အောင် တန်းစီရတော့မယ်။ ကိုယ်က ဘာမှ မစီးနိုင်လို့ ကိစ္စမရှိပေမယ့် အတူသွားတဲ့ နှစ်ယောက်က စီးချင်တာမို့ မီးငယ်တို့ စောင့်ပေရော့ပေါ့။ ၀င်ကြေးက တယောက်ကို ၅၈၀၀ ယန်း ကျသင့်တာမို့ မြန်မာငွေနဲ့ ၆သောင်းခွဲလောက်ရှိပါတယ်။ စီနီယာအကိုက သူပေးမယ်တဲ့ :D ဟဲ မီးငယ် တို့ အကုန်အကျသက်သာသွားလေရဲ့။ ကျေးဇူးတင်ပါတယ်။ ၅၈၀၀ ပေးပြီးတာနဲ့ အထဲမှာ ကြိုက်တာကို စီးလို့ရပါတယ်။ ၁၀ မိနစ်လောက် စီးဖို့အရေး ၂ နာရီလောက် တန်းစီရတာတခုပါပဲ :) မုန့်ကတော့ ကိုယ်စား ချင်တာ ကိုယ်ဝယ်စားပေါ့။

ဝင်ဝင်ချင်းပဲ ဘိုးဘိုးရုပ်ကြီး ပြေးဖက်တာမို့ တွဲပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။ အဲ့ဒီလို ပုံတွေ အများကြီးလိုချင်တာ။ အခုတော့ မိုးရွာလို့တဲ့ကျန်တဲ့အရုပ်တွေ မထွက်ကြဘူး :( မစ်ကီဆို သိပ်တောင်မတွေ့ခဲ့ရဘူး ။ တတ်နိုင်ဘူးကွယ်။ ရတာနဲ့ပဲ ရိုက်တော့မယ် ဟိဟိ ။
အထဲမှာ ရှိသမျှ အဆောက်အဦးတွေ အားလုံးက တကယ့်ကို ဒစ်စနေကာတွန်းကားထဲရောက်သွားသလို ချစ်စရာလေးတွေကြီးပါပဲ။ မိုးဖွဲဖွဲလေး ကျနေသေးပေမယ့် ဘယ်သူမှ ထီးမဆောင်းကြတော့ပါဘူး။
မီးငယ်တို့ လည်း ထီးမဆောင်းတော့ပါဘူး။ သိပ်လည်းမချမ်းတော့တာလည်း ပါတာပေါ့လေ။
၃ ဒီဂရီလောက်ဆိုတော့ ဆော့နေတာနဲ့ပဲ သိပ်မချမ်းတော့ပါဘူး။



လက်နဲ့ကိုယ်တိုင်လှော်ရတဲ့ လှေပါ။ ၀န်ထမ်းနှစ်ယောက်က ရှေ့တယောက် နောက်တယောက်နေလို့ လှော်ပုံ လှော်နည်းတွေ သင်ပေးပါတယ်။ မီးငယ်တို့လည်း လှော်ဖို့တန်းစီနေတုန်း ရိုက်ယူထားခဲ့တာပါ။ သူများတွေ လှော်တုန်းက တိတ်နေတဲ့မိုး၊ မီးငယ်တို့လည်း လှေပေါ်ရောက်ရော မိုးတွေရွာချတာမို့ အအေးမိတော့တာပါပဲ :(

လှည်းလေးချစ်စရာလေးနော်။ ( အထဲကလူမပါဘူး :D ) ဒစ်စနေလန်းထဲမှာ စီးစရာ ၁၀ မိနစ်လောက်ကို စီးဖို့အတွက် ၂နာရီခွဲလောက် စောင့်ရတယ်။ အဲ့ဒါနဲ့ပဲ ကြိုပြီး ယူထားရတဲ့ လက်မှတ် ( FAST PASS TICKET ) သွားယူထားရတာပေါ့နော်။ အဲ့ဒါကလည်း တခါယူရင် တစောင်ပဲရသလို နှစ်နာရီနေမှ နောက်တစောင် ထုတ်ပေးပါတယ်။ မီးငယ်တို့ ယူလိုက်တဲ့ လက်မှတ်က မနက် ၈ နာရီမှာ တန်းစီတာတောင် ညနေ ၆နာရီ ၂၀ မိနစ်တိတိမှာ ၀င်ရင် ချက်ချင်းစီးရမယ်တဲ့ :O အဲ့ထက်ပိုပြီးစောစောတော့ မရဘူးတဲ့ကွယ် . . တတ်နိုင်ဘူး .. ယူထားလိုက်တယ် ... ကျန်တာတွေကတော့ ဒီလိုပဲ သွားရင်းနဲ့ တွေ့တဲ့နေရာ စီးမယ်တဲ့ လူချောင်တော့လည်း တန်းစီတာပေါ့ဆိုတာနဲ့ မီးငယ်ကတော့ အစထဲက မစီးနိုင်တဲ့လူဆိုတော့ သူတို့ပြောတာပဲ ခေါင်းညိတ်ပေါ့ :P



ဒါကတော့ လက်ဆောင်ပစ္စည်းအရောင်းဆိုင်တခုပါ။ ဆိုင်တခုလုံးကို ဖန်တွေ ကြွေတွေနဲ့ တည်ဆောက်ထားပြီး စနိုးဝှိုက်မင်းသမီးလေးရဲ့ အကြောင်းကို အစအဆုံးပုံဖော်ထားတဲ့ ဒီဇိုင်းလေးပါ။




အထဲမှာရှိတဲ့ လက်ဆောင်ပစ္စည်းလေးတွေပါ။ ၀ယ်မလို့ကြည့်လိုက်တာ အနည်းဆုံးတောင် ယန်း၁၄၇၀၀ တဲ့ အဟင့် .. ဘယ်ဝယ်နိုင်မှာလဲ .. အရုပ်လေးတွေက ပိစိလေးတွေကို ဈေးကလည်း ကြီးပါ့ :(
အကုန်လုံးကို လက်ဆောင်ပေးမို့ဟာ မ၀ယ်နိုင်လို့ ပုံလေးတင်ပြီး လက်ဆောင်ပေးလိုက်တယ် ။
ကြိုက်သလောက် ယူကြတော့နော် ဟီးးးး :D

တကယ့်လူတွေကို မိတ်ကပ်လိမ်းပေးထားတယ် ထင်ပြီး မီးငယ် ထအော်လို့ ၀ိုင်းရီကြသေးတယ် ဟိဟိ ရှက်လိုက်တာ ။။ စက်ရုပ်တွေတဲ့ .. အရုပ်မဟုတ်ဘူး... လူတွေ တကယ်လှုပ်ရှားနေသလို သက်ဝင်လှုပ်ရှားနေကြတော့ မီးငယ်လည်း လူတွေ ထင်တာပေါ့။။
တခြား အရုပ်တွေလည်း လူတွေ ၀င်ပြီး
နေနေကြတာဆိုတော့လေ :(မီးငယ် ဒစ်စနေလန်းထဲမှာ စီးခဲ့တဲ့ ကစားနည်းတွေနဲ့ နောက်ပြီးတော့
မီးငယ်အနှစ်သက်ဆုံးနေရာတွေကို သီးသန့် ပို့စ်တခုတင်မှာမို့ ဖတ်ပေးကြဦးနော် :)